ယုန်လေးများရှေ့၌ ကျီစယ်ခြင်း🐰

36.7K 921 91
                                    

{ Zawgyi ver }

ဝေ့ဝူရှန့်သည် လန့်ဝမ်ကျီးမွေးထားသောယုန်လေးများအားအစာကျွေးနေလေသည်။

ထိုအချိန်ဝေဝူရှန့်သည်သူ၏အနောက်မှ အသံတစ်ခုကို ရုတ်တရက်ကြားလိုက်ရသည်။သူလှည့်ကြည့်သော် ဘာမှမတွေ့..။ထို့ကြောင့်ဝေ့ဝူရှန့်သည်လျစ်လျူရှု၍ယုန်များကိုသာအစာဆက်ကျွေးကာပြုံးရယ်နေသည်။

ထို့ခိုက် ဝေ့ဝူရှန့်သည်သူ့၏ခါးကို တစ်စုံတစ်ရာဖက်တွယ်လိုက်သည်ဟုခံစားလိုက်ရသည်။အမှန်ပင်....

လန့်ကျန့်သည်ဝေ့ရင်းခါးကို ဖက်ထားခြင်းပင်။။

ထိုအခါဝေ့ရင်းသည် အခြားလန်ဂိုဏ်းသားများမြင်သွားမည်ကိုစိုးရိမ်သဖြင့်လန်ကျန့်လက်အား ဖယ်လိုက်သော်လည်း လန်ကျန့်ကတော့ ထိုသို့ဖက်ထားမြဲပင်။ထို့ကြောင့်ဝေ့ရင်းသည်ဘေးပတ်ဝန်းကျင်အားကြည့်၍..

"လန်ကျန့် ..မင်းငါ့ကိုဒီလိုဖက်ထားတာ အခြားသူတွေမြင်သွားမှာမကြောက်ဘူးလား ?"

"ငါကဘာကိုကြောက်ရမှာလဲ ?"

လန်ကျန့်သည်မျက်ခုံးတွန့်၍ ပြန်ပြောလေသည်။ဝေ့ရင်းသည်လည်းအနည်းငယ်ရယ်၍

"မင်း မင်းကို အရိုအသေမဲ့ကြမှာမကြောက်ဘူးလား ဟင်"

ထိုအခါလန်ကျန့်သည်ဝေ့ရင်းနှင့်မျက်နှာချင်းဆိုင်စေရန်ဝေ့ရင်းအားသူ့ဘက်သို့လှည့်လိုက်သည်။ထို့နောက်လန်ကျန့်သည်သူ၏လက်အား ဝေ့ရင်းခါးပေါ်၌မြဲမြံစွာဖက်ထားလေသည်။တစ်ယောက်မျက်လုံးကိုတစ်ယောက်စိုက်ကြည့်၍ဝေ့ရင်းက

"လန်ကျန့် မင်းငါ့ကိုချစ်လားဟင် ?"

ထိုအခါလန်ကျန့်သည်ဝေ့ရင်းနဖူးလေးအားအကြင်နာအနမ်းတစ်ပွင့်ပေးကာ

"အင်း"

"ဟီး ငါလေ မင်းကိုအရမ်းချစ်တာသိလား ? ဒါမဲ့မင်းကတော့ငါ့ကိုချစ်တယ်လို့တောင် မပြောဘူး မေးလိုက်တိုင်း'အင်း'ပဲပြောနေတယ် ဟွန့် "

ဝေ့ရင်းသည်လန်ကျန့်အားစနောက်၍ပြောလေသည်။ထို့နောက်စိတ်ဆိုးဟန်ဆောင်ကာ လန်ကျန့်လက်အားလွတ်ချ၍ယုန်လေးများဆီသို့အာရုံလွှဲလိုက်လေသည်။ထိုအခါလန်ကျန့်သည် မပြောမဆိုနှင့်ဝေ့ရင်းအားနောက်မှသိုင်း၍ပွေ့ချီလိုက်သည်။သူသည်လည်းမြက်ခင်းပေါ်၌ထိုင်ချလိုက်ပြီးဝေ့ရင်းအားသူ့ပေါင်ပေါ်၌ကလေးချီသလို တင်ထားလေသည်။

WangXian and YiZhan (one shot) ❤️[Zawgyi & Unicode]Tempat cerita menjadi hidup. Temukan sekarang