လူလိမ်ကြီးးး ! 😒 ( လူလိမျကွီး ! 😒 )

6.3K 240 12
                                    

{ Zawgyi ver}
   ❗️❗️❗️
ကူးစူးလန်ဂိုဏ်းတွင်ဖြစ်သည်။

ဝေ့ဝူရှန့်သည်လန့်ဝမ့်ကျီးနှင့် ညဥ့်မည်းမြို့၌အမဲလိုက်ပြီးသည့်ရက်မှစ၍အပြင်သို့မထွက်ရဘဲကူးစူးလန်တွင်သောင်တင်လျက်ရှိသည်။ဝေ့ဝူရှန့်သည် တစ်နေ့တစ်နေ့ ဒီတောင်ပေါ်မှာပဲအချိန်ဖြုန်းနေရသည်ကိုပင်ညည်းငွေ့လာသည်။ထိုအခါ တောင်အောက်သို့ဆင်းနိုင်ရန် နည်းမျိုးစုံသုံးဖို့သာစိတ်ကူးနေတော့သည်။သို့သော်လည်း အမြဲမအောင်မြင်နိုင်ဘဲရှိနေသည်။

ငါလေးကတော့ ဒီတောင်ပေါ်မှာပဲ ပြာဖြစ်တော့မှာပဲ ! မနေနိုင်တော့ဘူးးး ပျင်းလာပြီနော် ဟန်ကွမ်ကျွင်းရေ မင်းချစ်ချစ် ငိုနေတာကို တချက်လောက် လှည့်ကြည့်ပါ !!!!

ထိုကဲ့သို့ စိတ်ထဲမှာပဲ ကြိတ်အော်နေဖို့သာ တတ်နိုင်ပါတော့သည် ။ ထို့နောက်ဉာဏ်အလင်းပေါက်ကာ
လန်ဝမ်ကျီး ရှိရာ စာကြည့်ဆောင်သို့သာ တည့်တည့်မတ်မတ်ပဲ လျှောက်လာလိုက်သည်။

စာကြည့်ဆောင်...

စွဲမက်ဖွယ်ကောင်းသောမွှေးရနံ့နဲ့ အနှီ ကျောက်စမ်းကဲ့သို့ တည်ကြည်ခန့်ညားနေသော လူသားသည် အေးဆေးစွာဖြင့် ထိုင်ကာ စာအုပ်ဖတ်နေသည်။ ဝေ့ဝူရှန်းသည် ပြတင်းပေါက်မှနေ၍ချောင်းကြည့်နေရင်း

ဟာဗျာ !! လန်အာ့ကိုကို  တကယ် ချောမောနေရောပဲ
ငါလေးတောင် မေ့လဲချင်နေပြီနော် ဟိုက်..သူ့ရဲ့ကြည့်ကောင်းမှုတစ်သိန်းအောက်မှာ ကျရှုံးသွားလို့မဖြစ်ဘူး ငါဘာလာလုပ်တာလဲတောင် မေ့ချင်နေပြီ !!

ထို့နောက် ချောင်းတစ်ချက်ဟန့်ကာ လန်ဝမ်ကျီးစာကြည့်ခုံရှေ့တွင်ရပ်နေလျက် လန်ဝမ့်ကျီးအားကြည့်နေမိသည်။လန့်ဝမ်ကျီးလည်း မော့ကြည့်လိုက်ရာ ဝေ့ဝူရှန်းရဲ့ ဝတ်စားဆင်ယင်မှုကြောင့် နှာခေါင်းသွေးပင် လျှံတော့မလိုလိုတောင် ဖြစ်သွားတော့သည်။လန့်ဝမ်ကျီး၏အမူအရာ ပျက်မှုကို သတိထားမိကာ ဝေ့ရင်းသည် ကျိတ်ရယ်မိပါသည်။ သို့သော် မျက်နှာပိုးကိုသက်ကာ

WangXian and YiZhan (one shot) ❤️[Zawgyi & Unicode]Where stories live. Discover now