🎂Zhan ge 's BD 🎂

18.4K 477 47
                                    

{ Zawgyi ver }

ဒီနေ့လေးကတော့အခြားနေ့လေးတွေနဲ့မတူ တမူထူးခြားတဲ့နေ့လေးပဲဖြစ်ပါတယ် ...။အကြောင်းကတော့ ဝမ်ရိပေါ် ဆိုတဲ့ 97 born လေးရဲ့ချစ်လှစွာသော 91 born ကိုကို ရှောင်ကျန့် လူ့လောကလေးကိုစတင်ဝင်လာတဲ့နေ့ရက်လေးပဲဖြစ်ပါတယ် ။

ရိုက်ကွင်းတွေ အင်တာဗျူးတွေနဲ့ တစ်နေ့တစ်နေ့အလုပ်များနေသောထိုလူသားနှစ်ယောက်အတွက်ဒီနေ့လေးကတော့ ထူးခြားသောနေ့ရက်ကလေးဖြစ်ပါတယ်။

မနေ့က.....

ရိပေါ်တစ်ယောက်မနက်ဖြန်ကျရောက်မယ့် သူ့ကျန့်ကောရဲ့မွေးနေ့အတွက်အရမ်းကိုစိတ်လှုပ်ရှားနေလေ၏။ထို့ကြောင့်မိမိ မန်နေဂျာကိုလှမ်းခေါ်ကာမနက်ဖြန်အတွက်အချိန်စာရင်းကိုကြည့်ခိုင်းလေသည်။ထိုသို့ကြည့်ပြီးသော်မန်နေဂျာက

"ဘို( Bo ) နက်ဖြန်အတွက်အချိန်ဇယားကတော့အပြည့်ပဲ မနက် ၇ နာရီကနေ ည ၁၂ ထိပဲ ဘာလို့လဲ ? သွားစရာရှိလို့လား ? ပုံမှန်ဆိုမင်းကမင်းအချိန်ဇယားကိုမမေးတတ်ပါဘူး ..ဘာကိစ္စရှိလို့လဲ ??"

တစ်နေ့လုံးပြည့်ကြပ်နေသည့်အချိန်ဇယားကြောင့် ရိပေါ်မျက်နှာမှာ ဒေါသလေးအနည်းငယ် ဖြတ်ပြေးသွားသည်။
သို့သော်မန်နေဂျာအား

"အဲ့လောက်တောင်ပဲလား ?? အချိန်ကိုသေချာလုပ်လေ ဒါတောင်မလုပ်တတ်ဘူးလား ? တစ်နေ့လုံးဖျက်လိုက် ကြားလားးး ???"

ဟူ၍လေသံမာမာဖြင့်ပြန်ပြောလေသည်။
ထိုအခါ ဘာကြောင့်မှန်းမသိအလကားနေစိတ်တိုနေသောရိပေါ်၏စကားကြောင့် သူအနည်းငယ်ကြောင်သွားသည်။

( T/N: ပေါ်ကြီးကတော့ မဲနေပြီ🤣🤣)

ခဏကြာသော်

" ဘို(Bo) တစ်နေ့လုံးတော့ဖျက်လို့မရဘူးလေ ဘယ်သွားစရာရှိလို့လဲ ? "

ဟုပြောလေသည်။ သို့သော် ရိပေါ်ကြည့်လိုက်သောအကြည့်တစ်ချက်ကြောင့်မန်နေဂျာလည်း

"ဟင်းး ဖျက်ချင်ရင်တော့ နေ့လည် ၁၂ နောက်ပိုင်းတစ်လျှောက်လုံးရတယ် အဆင်ပြေတယ်မလားး ?? "

ဟူ၍ပြန်လည်ဖြည့်စွက်ပြီးပြောရသည်။

မျက်နှာကြောတင်းနေသော်လည်းရိပေါ်၏စိတ်ထဲတွင်

WangXian and YiZhan (one shot) ❤️[Zawgyi & Unicode]Nơi câu chuyện tồn tại. Hãy khám phá bây giờ