ဝေး 😅(ဝေး) 😅

5.8K 247 10
                                    

{Zawgyi ver}

သုံးရက် ကြာသော် .....

" ဒီကောင်လေး ဖုန်းလည်းမကိုင် message လည်းမပို့ပါလားနော် "

ဟု xiao zhan မိမိ ဖုန်းကို ကြည့်ကာ တစ်ယောက်တည်းရေရွတ်မိသည်။

ဒီသုံးရက်စလုံး yibo နဲ့လုံးဝအဆက်အသွယ်မရသလို ရိုက်ကူးနေတဲ့ရုပ်ရှင်ကြောင့် သွားလည်းမတွေ့ဖြစ်ပါဘူး
ဖုန်းခေါ်ပြီး ချော့ရန်လည်း ဖုန်းမကိုင် စက်ပိတ်ထား တစ်ခါတစ်လေ လူကြီးမင်းနဲ့ပါ တိုးသေးသည်။ ထို့ကြောင့် xiao zhan တစ်ယောက် သူ့ရဲ့ကလေးဆိုးလေးကို တအား စိတ်ပူနေပါတော့သည်။

Wang yibo လည်း ဒီ သုံးရက်မှာ လုံးဝ အိမ်ထဲက အိမ်ပြင်မထွက်သလို social media တွေဘာမှမသုံးပဲ တစ်ယောက်တည်း အမှောင်ထဲမှာပင် နေနေပါတော့တယ် ။ ရန်ဖြစ်တဲ့နေ့တုန်းက ခဏဆိုပြီးထွက်သွားတာ ပြန်ကိုရောက်မလာသော xiao zhan ကို သူအရမ်းစိတ်ဆိုးသည်။ ဘာမဟုတ်တဲ့ မိန်းမတစ်ယောက်အတွက် သူ့ကိုထားခဲ့တာကို အရမ်းစိတ်နာမိပါသည်။ သို့သော်လည်း xiao zhan ကို yibo က အသက်မက အရမ်းကို ချစ်ပါသည်။

13/4/2020

"ကဒ် .. အိုကေ xiao zhan ဒီနေ့သရုပ်ဆောင်တာ အရမ်းကောင်းတာပဲ ဒီ scene ပြီးရင် အိမ်ပြန်အနားယူလို့ရပြီနော် "

" ဟုတ်ကဲ့ပါ ဒါရိုက်တာကြီး "

"ကလေးလေးနဲ့မတွေ့ရတာ ဒီနေ့နဲ့ဆို တစ်ပတ် တိတိရှိပြီ ။ ဒီလူမှာလွမ်းလွန်းလို့သေတော့မယ် ။ ဒီနေ့တော့ သွားတွေ့ရမယ်" ဟု xiao zhan တစ်ယောက်စိတ်ထဲမှာပြောမိသည်။

Yibo အိမ်အရောက် ....

" ဒေါက် ဒေါက် ဒေါက် "

**အသံတိတ်**

"ဒေါက် ဒေါက် ဒေါက် "

*တိတ်ဆိတ်နေ**

" ဟင် အိမ်မှာ မရှိဘူးလား ဘယ်သွားတာပါလိမ့် ..ငါ့ကိုလည်းဘာမှမပြောသွားပါလား "

ဟုတွေးရင်း စိတ်ဓာတ်ကျကာ အိမ်အောက်သို့ လေးလံသောခြေသံများနှင့်ဆင်းလာကာ အိမ်အောက်အရောက် တွင်

WangXian and YiZhan (one shot) ❤️[Zawgyi & Unicode]Hikayelerin yaşadığı yer. Şimdi keşfedin