အပိုင်း ၃

5.4K 253 6
                                    

ကျင်းမြိုးစားမင်းရဲ့သားတော်နှင့်
ယင်းနယ်စားမင်းရဲ့သားတော် မင်္ဂလာပွဲ
အခမ်းအနားမှာအလွန်စည်ကားနေသည်

ထူးဆန်းသည်မဟုတ်လား ယောက်ကျားလေး
နှစ်ယောက်မင်္ဂလာဆောင်ဆိုတော့

သားတွေကိုမင်္ဂလာဆောင်ပေးတာတဲ့
အထူးအဆန်းပဲဟေ့

အမလေးယင်းသခင်လေးက မိန်းခလေးလို
ပါပဲနော် အရမ်းလှတာဟဲ့

ဘာဖြစ်ဖြစ်ဒါက မဖြစ်သင့်ပါဘူး

မြို့သူမြို့သားတွေကတော့ တယောက်တစ်မျိုး
ပြောဆိုကြသည် ဘာဖြစ်ဖြစ် မကျေနပ်သူတော့
မရှိကြ အာခံရဲသူဟူ၍လည်းမရှိကြပေ
.
.
အခမ်းအနားပွဲပြီးတော့လည်း မြို့သူမြို့သားများအားအစားအသောက်များဝေပေးသေးသည်

ဒီလောက်ကောင်းတာ ဘယ်သူကငြိုငြင်ရဲ
ကြမှာလဲမဟုတ်ဘူးလား...

.
မင်္ဂလာအိပ်ခန်းထဲတွင်တော့ ရှောင်ဟုန်လေး
ကုတင်ပေါ်ထိုင်နေသည်...

ဝူရှဲ့ကတော့အပေါင်းအသင်းများနဲ့ ပျော်ပါး
သောက်စားလျက်ရှိသည်

သခင်လေးဝူသတိုးသားလေးကိုစောင့်ခိုင်း
ထားမလို့လား အချိန်ကမနဲတော့ဘူးနော်

ဟုတ်တယ်သခင်လေး အခန်းပြန်တော့လေ

အေ့ ဒီလောက်မောင်းထုတ်နေမှတော့
ငါ့သတို့သားလေးနဲ့ပဲသွားပျော်တော့မယ်
သွားပြီဟေ့

အခန်းထဲဝင်ခဲ့တော့ ကုတင်ပေါ်ကျုံ့ကျုံလေး
ထိုင်နေသောရှောင်ဟုန်ကိုမြင်ကာ စွံအသွား
သည် ခုထိလည်းနတ်သမီးတစ်ပါးလိုလှလွန်း
နေသည်လေ ..

ဝူရှဲ့ရှောင်ဟုန်လေးဘေးတွင်ဝင်ထိုင်ကာ

ပြစမ်းပါဦးငါ့သတို့သားလေးဘယ်လောက်
လှလဲဆိုတာကြည့်ပါရစေ

ဝူရှဲ့ပြောကာမျက်နှာထပ်ကပါဝါနီလေးကို
ဖွင့်လိုက်သည်

မျက်နှာလေးကဝင်းလဲ့နေကာ
အလွန်ကျက်သရေရှိလှသည် နှုတ်ခမ်းလေးများ
ကလည်းနီဆွေးဆွေးနှင့်ဆွဲဆောင်လွန်းသည်

ဝူရှဲ့မထိန်းနိုင်ဖြစ်ကာ မေးလေးဆွဲယူပြီး
နှုတ်ခမ်းကိုစုတ်နမ်းလိုက်သည်

ကမ္ဘာ ခြားလည်းချစ်နေမယ်Where stories live. Discover now