အပိုင်း ၁၁

2.8K 146 6
                                    

ရှောင်ဟုန်:: ဝူရှဲ့ ငါတို့ဒီမှာ ဘယ်လောက်တောင်နေရမှာလဲ ဟိုဘုရင်စုတ်ကိုမေးပေးစမ်းပါ

ဝူရှဲ့::ချစ်ဇနီးလေးက ကိုယ့်ထက်ပိုသတ္တိရှိတာ
ဘာလို့ကိုယ်တိုင်မမေးလဲ

ရှောင်ဟုန်ခနမျှစဉ်းစားဟန်ပြု ကာ

ရှောင်ဟုန်::အင်း ကောင်းပြီ

ဝူရှဲ့::အယ် တကယ်ကြီးမေးမလို့လား

ရှောင်ဟုန်::ဒါပေါ့ ငါ့ကိုဘာမှတ်နေလို့လဲ

မာန်တက်နေတဲ့ရုပ်လေးနဲ့ရှေ့ကနေ အပြေး
တပိုင်းသွားနေသောရှောင်ဟုန်ကိုကြည့်ကာ
ပြုံးနေမိသည် လက်ထပ်ထားတာ တစ်နှစ်ပင်
ပြည့်တော့မည် တနေ့တခြားပိုပိုလှပ့လာနေတဲ့
ချစ်ဇနီးလေးကို စိတ်မချနိုင်ဖြစ်နေရသည်
ဒီကြားထဲဟို ယွဲ့မင်ဆိုတဲ့ကောင်က သိပ်မရိုး
သားပေခနခန သူ့ချစ်ဇနီးလေးကို ခိုးကြည့်
နေသေးသည်.....

ရှောင်ဟုန် ဆုအိုင်ကိုတွေ့တော့ ပြေးသွားကာ

ရှောင်ဟုန်::အဟွန့် ဒါနက်အခုဘယ်လိုခေါ်ရ
မလဲမသိပေမဲ့လေ ဘယ်တော့ဒီအိမ်က
ထွက်ကြမလဲ

ဘုရင်ကိုမလေးမစားဆက်ဆံနေပုံက ဝူရှဲ့ရယ်
ဟွားပေါင်နဲ့တထပ်ထဲပင် အသိရင်သူနဲ့ပဲ
အသက်တူသလိုလို သူငယ်ချင်းလိုလို...

ဆုအိုင်::ဘယ်မှမထွက်ဘူး ဒီမှာပဲ အခြေအနေ
အရနေရအုံးမှာ

ရှောင်ဟုန်::မဖြစ်နိုင်တာ ကျွန်တော်မနေချင်ဘူး

မျက်နှာကဆူပုတ်ပုတ်နဲ့ ကလေးလိုလို
ခြေထောက်ကပါစောင့်နေလိုက်သေးသည်

ဆုအိုင်ရယ်ချင်စိတ်ကိုမနဲထိန်းထားကာ
နောက်မှပြုံးစိစိကြည့်နေသောဝူရှဲ့အား

ဆုအိုင်::ဝူရှဲ့မင်းကလေးကိုခေါ်သွားစမ်းပါ
ငါမထိန်းနိုင်ဘူး

ဝူရှဲ့ဘာမှပြန်မပြော ပြုံးစိစိသာလုပ်နေသည်

ရှောင်ဟုန်::ဘာကလေးလဲ ကျွန်တော်က
တစ်တိုင်းပြည်လုံးရဲ့ ပထမဆုရှင်နော်
ဟွင်းဟွင်း အကုန်ပေလိပ်ထဲထည့်ပြီး
သတ်ပစ်လိုက်မယ်

ကလေးလို့ပြောရင်ကမကြိုက် ပြန်ပြောလိုက်တဲ့
စကားတွေကျတော့အဓိပ္ပါယ်မရှိပေါက်တတ်ကရတွေသာ....

ကမ္ဘာ ခြားလည်းချစ်နေမယ်Where stories live. Discover now