အပိုင်း၂၀

1.8K 124 4
                                    

Unicode

နံနက်ခင်းညီလာခံတွင်

မင်းကြီး ပြည်သူတွေက မိုးမရွာတာ အရှင် အခုထိမိဖုရားဆီ မသွားလို့ ဆိုပြီး ပြောဆိုနေကြတယ် ပြီးတော့ အခုထိ မင်းကြီးက တော်၀င် နန်းသွေး ......

တိတ်စမ်း ....ငါကလေးမယူတာနဲ့ မိုးမရွာတာဘာမှမဆိုင်ဘူး ကလေးမွေးလို့ မိုးရွာကြေးဆိုရင် ငါ့ကိုယ်လုပ်တော်တွေကို တစ်နှစ်တစ်ယောက်မွေးခိုင်းလိုက်မယ် နွေတွေဆောင်းတွေမရှိတော့အောင်လို့လေ

မင်းကြီး အခုလို ကလေးမဆန်သင့်ပါဘူး

ကလေးဆန်တယ် ဟား ဟား အဲ့တာဆို လူကြီးဖြစ်ရင် ကလေးမွေးရတာလား ဒါဆို တိုင်းပြည်က ရှိသမျှလူကြီးတွေကို ကလေးသွားမွေးခိုင်း လိုက်ကြစမ်း လက်မထပ်ရတေးတဲ့ လူလွတ်တွေအကုန် ဒီနှစ်မကုန်ခင်လက်ထပ်ခိုင်း ကလေးယူခိုင်း လက်မထပ်ချင်တဲ့ အပျိုကြီး လူပျိုကြီးတွေအကုန် ထောင်ထဲထည့် လက်ထပ်ချင်တဲ့စိတ်ရှိတဲ့အထိ ရိုက်မေး လက်ထပ်မယ်ဆိုတဲ့သူမှ ပြန်လွတ် မကောင်းဘူးလား အမတ်မင်းတို့..

အမတ်တို့မာသွေးပျက်မတတ် လန့်ဖြန့်ကုန်လျက်
ပြာပြာသလဲဖြင့်သွားကြသည်

အ အရှင် မသင့်လျော်သော စကားများ မပြောဆို သင့်ကြောင်းပါ..

ဘာာာ ..မသင့်တော်ဘူးဟုတ်လား ငါ့ကို ကလေးယူခိုင်းနေတာကြတော့ သင့်တော်တဲ့လုပ်ရက်ပေါ့လေ ဟုတ်စ ငါ့ကို ကလေးယူခိုင်းနေတာ ရပ်မလား တစ်တိုင်းပြည်လုံးလက်ထပ်ပွဲကျင်းပကြမလား ဟားး ဟားး ဟားးး

အမတ်အားလုံး သွေးပျက်လျက်ဘာမျှပင်မဆိုနိုင်ကြပေ

ဆုအိုင်မာကျေနပ်စွာပြုံးကာ

ကဲကဲအမတ်တို့လျောက်တင်စရာမရှိရင် ကိုယ်တော် အနားယူလိုက်ဦးမယ်

.




ဝူရှဲ့ မနက်က ကျင်းမြို့စားရဲ့ ဆူပူမှုကြောင့် ရှောင်ဟုန်အကြောင်း စုံစမ်းရန် ထွက်လာခဲ့သည်

ဝူရှဲ့သေရည် ဆိုင်တစ်ဆိုင်တို့၀င်လိုက်တော့
စားပွဲထိုးလေးကပြုံးရွင်စွာဖြင့်

သခင်လေး ဘာသုံးဆောင်မလဲခဗျာ

သေရည်ဆိုင်လာမှတော့ သေရည်သောက်ဖို့ပေါ့ကွ ဘာတွေလာမေးနေတာလဲ

ကမ္ဘာ ခြားလည်းချစ်နေမယ်Where stories live. Discover now