အပိုင်း၁၅

1.9K 146 15
                                    

Unicode

အနေမစိမ်းတဲ့မြို့လေးနဲ့နေရောင်နွေးနွေးလေးက
ဝူရှဲ့ကိုကြိုဆိုလျက် လမ်းတစ်လျောက်လာရင်း
တစ်ခုခုကိုတော့လွမ်းဆွတ်သယောင်

အိုး ငါ့ရာဇ၀င်မာ အချစ်တွေအလွမ်းတွေမရှိပါဘူး ခုကဘယ်လိုဖြစ်ပြီးလွမ်းရိပ်သန်းနေပါလိမ့်

(ယခုမာမူလကျင်းဝူရှဲ့ပြန်ရောက်လာခြင်းဖြစ်ပြီး နဂိုခန္နာထဲ၀င်ခဲ့သော လင်းယုကတော့ဝိဉာဉ်လွင့်နေဆဲဖြစ်သည်)

ဝူရှဲ့ နန်းတော်ဘက်ကို ခပ်စိတ်စိတ် လျောက်လှမ်းလာခဲ့လိုက်သည် ကြာကန်၏အလည်တွင်ဆောက်ထားသော အဆောင်လေးက ရင်းနှီးစွာ ထိုတင်မက သူနဲ့ရင်းနှီးခဲ့သော သူနှစ်ဦးပါရှိနေခြင်းပင် ဝူရှဲ့ ကိုယ်ဖော့ကာ အတတ်နိုင်ဆုံး တိတ်တဆိတ် ချည်းကပ်လိုက်သည်

မျှော်လင့်ထားသည့်အတိုင်း အလင်းတန်းနဲ့အတူ
ဓားတစ်လက်ပျံဝဲလာခြင်းပင်ဖြစ်သည်

ချွန်း....

မဆိုးပါဘူး မင်းတို့ရဲ့အကြားအာရုံကတိုးတက်လာသားပဲ ဟားဟားဟား..

ဝူရှဲ့

သံပြိုင်ဟစ်ခေါ်သံကြောင့် ဝူရှဲ့ နားနှစ်ဖက်ကို လက်ဖြင့်အုပ်ကာ

ဘာလို့အကျယ်ကြီးအော်နေရတာလဲ

မင်း မင်း ဒဏ်ရာတွေကော ပြကြည့်စမ်း ဘယ်နားတွေ မပျောက်သေးဘူးလဲ သ သမားတော်ခေါ်ရမလား

မင်း မင်း လူကော ဟုတ်ပါသေးတယ်နော်

သူငယ်ချင်းနှစ်ယောက်ရဲ့ အလန့်တကြားအ‌‌ေမးအမြန်းတွေနဲ့ သူ့တစ်ကိုယ်လုံးကို လှည့်ပတ်စစ်ဆေးနေပုံက အမှုစစ်တွေထပ်တောင် ဆိုးနေသေးသည်ဟု ဝူရှဲ့ထင်မိသည်

ဘာတွေဖြစ်နေတာလဲ ငါအရင်ကလဲ ဒီလိုဒဏ်ရာတွေ ရနေကြပါ အခုမှ အထူးအဆန်းတွေလုပ်နေတယ် မင်းတို့နှစ်ယောက်ကတော့

ထူး ထူးဆန်းတယ် ဝူရှဲ့ မင်းအဲ့နေ့က ဘာဖြစ်ခဲ့တာလဲ မင်းနဲ့ ရှောင်ဟုန် ဘာတွေဖြစ်ခဲ့ကြတာလဲ

တစပ်စပ်တုန်ရင်နေတဲ့နှုတ်ခမ်းတွေနဲ့မေးနေရှာတဲ့ဆုအိုင်ကိုကြည့်ကာ ဝူရှဲ့ ထူးဆန်းနေသည်

ကမ္ဘာ ခြားလည်းချစ်နေမယ်Where stories live. Discover now