အပိုင်း ၂၆

1.4K 109 6
                                    

Unicode

ကိုယ်လုပ်တော် နန်းဆောင်တွင်

ဒီနေ့ မင်းကြီးမလာပါလား မနေ့ကတော့ မိဖုရားကြီးစီသွားအိပ်တယ် ပြောတယ် ဒါဆို သူက ကောလဟာလတွေအတိုင်း တစ်ရက်ပဲ အတူတူနေပြီး ဒီတိုင်းစွန့်ပစ်တတ်တဲ့ လူကြီးလားးးး

လုယီ သူ့အတွေးနဲ့သူ ပူလောင်နေရသည်

ဟူးးးသူကတကယ်ပဲ အဲ့လိုလူစားမျိုးဆိုတာ ယုံကိုမယုံနိုင်ဘူး သူတကယ်ပဲ ဘယ်သူနဲ့မှ ဟိုဟာ မလုပ်ဘူးလားးးး သူကဘာလဲ သူတော်စင်လားးး
မိန်းမယူထားပြီးဘာမှလဲမလုပ်ဘူး ငါ့ကိုလဲယူထားပြီး အထိကိုမခံဘူးးး

ကိုယ်လုပ်တော် ရှောင် မင်းကြီးကြွချီလာနေပါပြီ
အသင့်ပြင်ဆင်ထားပါ

ဘာာာ သူလာတယ် .....

အခန်းတွင်း၀င်လာသောဆုအိုင်မှာ ရွှေရောင်၀တ်ရုံကို၀တ်ဆင်ထားပြီး ခြေတံရှည်ကြီးတွေက
ခပ်မြန်မြန် လှမ်းနေသော်လည်း
ခြေတစ်လှမ်းလှမ်းတိုင်း ယိမ်းသွားတဲ့ဆံနွယ်လေးတွေက ဆုအိုင်ရဲ့ ခံညားမှုကို ပို၍ပေါ်လွင် စေသည်  ရင်သပ်ရှုမောစွာ ငေးစိုက်နေသော
လုယီအားးးးး

မင်း ဘာကြည့်နေတာလဲ

ကျွန်တော်မျိုးရှေ့မာ နတ်သားတစ်ပါးဆင်းလာလို့ မိန်းမောသွားရုံလေးပါ အရှင်

ဆုအိုင်က ထိုအပြောကို ကျေနပ်သွားဟန်
ပြုံးလိုက်ပြီးး

မင်း မင်းသခင်စီ နောက်နေ့ကစပြီး နေ့တိုင်းသွားခွင့်မရှိတော့ဘူး မင်းက ငါကိုယ်တော်ရဲ့ ကိုယ်လုပ်တော် ဖြစ်တယ် အမြဲအပြင်တွေ
သွားနေတော့ တခြားသူတွေ အမြင်မာ ဘာပြောကြမလဲ မင်းသိလားး

ကျွန်တော်မျိုး ဆင်ခြင်ပါ့မယ် အရှင်

တိတ်စမ်း အရှင် ဟုတ်လား အဲ့လို မခေါ်စမ်းနဲ့ မင်းရဲ့ သခင်ကိုလည်း မင်းက အရှင်လို့ခေါ်ပြီး ဘုရင်တစ်ပါးလို ကိုးကွယ်ထားတာမလားးး

အရှင် ဒီနေ့ ဘာကိုစိတ်မကြည်ဖြစ်နေရတာလဲ

ငါ့သူငယ်ချင်းက ဒဏ်ရာအပြင်းအထန် ရထားတယ် သူက ငါ့သူငယ်ချင်းဆိုတာထက် ငါ့ညီအစ်ကိုလို ခင်မင်လာတဲ့သူပဲ သူ့ကို တိုက်ခိုက်သွားတဲ့သူကို မိလို့ကတော့ အရှင်မထားဘူးး

ကမ္ဘာ ခြားလည်းချစ်နေမယ်Όπου ζουν οι ιστορίες. Ανακάλυψε τώρα