အပိုင်း ၃၀

1.5K 112 4
                                    

Unicode

လုယီရှောင်ဟုန်လက်မှ သွေးကြောကို စမ်းသပ်ကြည့်လိုက်ပြီး ဆေးရည်ပုလင်းထုတ်လာကာ ရှောင်ဟုန် နှုတိခမ်းအားကိုင်မည်အပြု
ဝူရှဲ့မှ

ငါကိုင်ပေးမယ်မင်းမထိနဲ့

လုယီပြုံးလိုက်ပြီး ဆေးရည်သုံးစက်ခန့်
ရှောင်ဟုန် ပါးစပ်သွင်းသို့ချပေးလိုက်ကာ

သူကအရမ်းကျန်းမာရေးကောင်းတာပဲ
အသားတွေကဖြူလျော့နေပေမဲ့ အတွင်းအားကတော့ တော်တော်လေးကိုကောင်းတယ်

ထိုစဥ်အပြင်မှ တိုက်ခိုက်သံကြားရတော့
လုယီမှ

ဒါဆို ကျွန်တော့်ကိုခွင့်ပြုပါဦး

ဝူရှဲ့သဘောပေါက်စွာခေါင်းတစ်ချက်ငြိမ့်ပြလိုက်သည်

ရှောင်ဟုန် သတိပြန်ရလာကာ

အားး ခါးကလည်းနာလိုက်တာ

ဝူရှဲ့ ရှောင်ဟုန် ခါးလေးကိုကိုင်လိုက်ကာ

အရမ်းမလှုပ်ရှားသေးနဲ့

ဝါးးး အပြင်မာ ဘာတွေလဲ ဆူညံနေတာပဲ

တိုက်ခိုက်နေကြတာ ကိုယ်ရှောင်ဟုန်လေးကို လုံခြုံတဲ့နေရာခေါ်သွားပေးမယ် ကိုယ့်ကျောပေါ်တက်

ဘာ မင်းရူးနေလား ခုခေတ်ကြီးမာ အာ့လိုတိုက်ခိုက်ရအောင် ရဲခေါ်လိုက်လေ ဖုန်းမရှိဘူးလားဟ မြန်မြန်ခေါ်လေ

ဝူရှဲ့ ရှောင်ဟုန်ပါးလေးကို ဆွဲညစ်လိုက်ကာ

မင်းအခုဘယ်ရောက်နေလည်းဆိုတာကို သေချာကြည့်လိုက်ဦး ဒီခေတ်မာဘာဖုန်းမှမရှိဘူး

ဟမ် ဟမ် ဟမ် အိုး မေ့သွားတယ် အခုက တခြားခေတ်ရောက်နေတယ်ဆိုတာ ဒါနဲ့ လေ မင်းကငါ့ယောက်ျားဆိုတာ ငါသိပါတယ် အဲ့တာကြောင့် အရင်လို ဇနီးလေးလို့ခေါ်လို့ရတယ်

ထိုစကားကြောင့် ဝူရှဲ့ မျက်ဝန်းများကျယ်သွားကာ ရှောင်ဟုန်အား တင်းကြပ်စွာဖက်လိုက်ပြီး

ဇနီးလေးသတိရလာပြီပေါ့ ကိုယ်တောင်းပန်ပါတယ် ကိုယ်ဇနီးလေးကို ကောင်းကောင်းမကာကွယ်ပေးနိုင်ခဲ့ဘူး

ကမ္ဘာ ခြားလည်းချစ်နေမယ်Opowieści tętniące życiem. Odkryj je teraz