အပိုင်း ၃၁

2.6K 111 33
                                    

Unicode
.
.
.

ဟင် လုယီပြန်ရောက်နေပြီလား

ဟုတ်ကဲ့အခုပဲပန်ရောက်တာပါအရှင်

ဆေးသွားဝယ်တာဆိုဘယ်မာလဲမင်းနဲ့အတူပါမလာဘူးလား

သိုလှောင်ရုံမာထားခဲ့တာပါ

ဟင် ငါခုမှသိုလှောင်ရုံကလာတာလေဘာဆေးမှမတွေ့မိပါဘူး

ဟို ဆေးလှည်းကမရောက်သေးတာဖြစ်မယ် ကျွန်တော်အရင်နန်းတော်ဝင်ခဲ့တာမလို့

အင်း အဲ့လိုလား ...

အရှင်မင်းကြီး

ဟင်ဒါကမိဖုရားနန်းဆောင်ကအထိန်းတော်မလား ဘာလာလုပ်တာပါလိမ့်

ဘာကိစ္စရှိလို့လဲ

ဟို မိ မိဖုရားကဘာဖြစ်တာလဲမသိဘူး ရုတ်တရက်​ကြီး သတိမေ့သွားရာကနေ  သမားတော်တွေခေါ်ကုပေမဲ့လည်း ရောဂါအမည်ကမရှိ..

လုယီ မင်းသွားကြည့်ပေးနိုင်မလား

အရှင့်အမိန့်တော်အတိုင်းလုယီနာခံလျက်ပါ

ဟင် ဘာလား လုယီကအရမ်းယဥ်ကျေးနေသလိုပဲငါပဲစိတ်ထင်နေတာများလား

.
.
.
.
လုယီမိဖုရား၏သွေးခုန်နှုန်းကိုစမ်းသပ်ကြည့်ပြီး
မျက်ခုံးကိုတွန့်ချိုးလိုက်ကာ..

အရှင်မိဖုရားရဲ့ခန္ဓာကိုယ်ကိုစစ်ကြည့်ရပါလိမ့်မယ် ခွင့်ပြုပေးနိုင်မလား

အထိန်းတော်ကြီးမှာ

အိုး ဘယ်ဖြစ်မလဲ အရှင်ရယ် သူကယောက်ျားလေးလေ ဘယ်လိုလုပ်မိဖုရားရဲ့ ခန္ဓာကိုယ်ကိုကြည့်ခွင့်ပေးလို့ရမာလဲ

ကိုယ်တော်ခွင့်ပြုတယ် ဆက်လက်ကြည့်ရှုစေ

လုယီမှာမိဖုရားရဲ့ ရင်ဘက် နောက်ကျော တို့မှ အနီအစက်အပျောက်များနှင့် အသားတို့မာ ဖူးယောင်နေလျက် ရင်ဘက်တို့တွင် အကြိတ်အဖုများပါဖြစ်နေသည်ကိုတွေ့ရတော့ မဖြစ်ဘူး ဒါကကူးစက်နိုင်တယ်

အရှင်ကျေးဇူးပြုပြီး မိဖုရားအဆောင်တော်ကလူတွေအကုန်လုံးကို စစ်ခွင့်ပြုပါ ဒါက ကူးစက်ရောဂါဖြစ်ပါတယ် အခန့်မသင့်ရင်လူကိုသေစေနိုင်တာကြောင့်ပါ အရှင်လည်း အဆောင်တော်ကိုပြန်နားသင့်ပါတယ်

ကမ္ဘာ ခြားလည်းချစ်နေမယ်Where stories live. Discover now