Part 1 (Unicode)

16.1K 977 54
                                    

"ဟေ့.. မိုးဇေ.. အဇေလေး.."

"........"

"စိတ်ကြီးပဲကွာ.. တစ်ချက်လောက် လှည့်ပြီး ရှိုးစမ်းပါဦး.."

ကျွန်တော် လှည့်မကြည့်ဖြစ်။ ရှိုင်းညီဆိုသည့်ကောင် ကျွန်တော့်နောက်မှာ ပါလာသည်ဆိုတာကို ကျွန်တော်သိသည်။ မိန်းကလေးတစ်‌ယောက်လို အစခံရတာကို ဒေါသဖြစ်ပေမယ့် ပြန်မပြောဖြစ်။ ကျွန်တော်က ကျောင်းသားသစ်ဖြစ်သည်။ ပြဿနာမဖြစ်ချင်။

တောင်ပေါ်မြို့လေးပေါ်က ယခုလက်ရှိကျောင်းကို ဒီနှစ်ရှစ်တန်းကျောင်းသားအရွယ်မှ ပြောင်းလာခဲ့တာဖြစ်သည်။ နောက်ပြီး ကျွန်တော်က ပြဿနာကိုကြောက်သည်။ ရန်ဖြစ်ရမှာကို ရှောင်သည်။ ဘယ်လောက်ဆိုးဆိုး ခေါင်းငုံ့ခံတတ်သည့်အကျင့်က ငယ်ငယ်ကတည်းက။

"ရုပ်လေးက ချစ်စရာလေး။ စိတ်ကတော့ ကြီးလိုက်တာ။"

အသံသည် ကျွန်တော့်နောက်နားမှာ။ ကျွန်တော်နှင့် အတော်ပင် နီးကပ်နေပြီ။ ခြေလှမ်းကိုမြန်မြန်လှမ်းကာ ကျောင်းရှေ့ဆိုင်လေးရှိရာ ခပ်သုတ်သုတ်လျှောက်လာခဲ့သည်။ အတန်းမတူတာကြောင့် ရှိုင်းညီဆိုသူကို ကျောင်းပြောင်းလာကာစ သတိထားမိဖို့နေနေသာသာ ရှိလို့ရှိမှန်းတောင် မသိခဲ့။ ဒါပေမဲ့ သူ့ကို သတိမထားလို့မရအောင် ဖြစ်လာခဲ့သည်။ တစ်ချိန်လုံး ကျွန်တော့်ကို လိုက်စသည်။ အခန်းချင်းမတူပေမယ့် ကျွန်တော့်အခန်းရှိရာ ရောက်လာတတ်သည်။ အခန်းထဲကနေ အပြင်ထွက်ရမှာတောင် သူ အနီးအနားမှာ ရှိနေမလား စိတ်ပူနေရတဲ့အထိ။

ယခုလည်း ကျောင်းရှေ့ဆိုင်လေးထဲထိ သူ လိုက်၀င်လာတယ်။ ဘာမှ၀ယ်ဖို့မဟုတ်ဘူး။ ကျွန်တော့်ကို သက်သက်လိုက်နောက်နေရုံသက်သက်။ ခေါင်းတွေပူသည်အထိ ဒေါသထွက်လာသည်။ စိတ်ဆိုးလာသည်။ သို့ပေမယ့် ရန်မဖြစ်ရဘူးဟု ကိုယ့်ကိုယ်ကိုယ် အကြိမ်ကြိမ်အထပ်ထပ် သတိပေးကာ ဆိုင်ရှင်အဒေါ်ကြီးရှေ့မှာ ရပ်လိုက်သည်။

"အဒေါ် ဗလာစာအုပ်ရှိလား။"

"အချောသားလား။ တစ်အုပ်ပဲကျန်တော့တယ်။ ဟိုမှာ.."

လောင်းရိပ်Where stories live. Discover now