Part 3 (Unicode)

6.6K 747 7
                                    

ချစ်သူတွေဘ၀ဆိုတာ ပျော်စရာအတိဖြစ်လိမ့်မည်ဟု ကျွန်တော်ဘာ့ကြောင့်ထင်ခဲ့မိသလဲ။ ကျွန်တော်နှင့် ရှိုင်းညီကရော ချစ်သူတွေလား။ မထင်မှတ်ဘဲ တွဲဖြစ်ခဲ့တာလား။ ရှိုင်းညီသည် ကျွန်တော့်အပေါ် သ၀န်တိုတတ်လွန်းသည်။ သူငယ်ချင်းတွေနှင့် လက်ဖက်ရည်ဆိုင်ထိုင်တာမျိုး၊ စာကြည့်တိုက်သွားတာမျိုးကိုပင်လျှင် အပြစ်တင်တတ်သည်။ မနာလိုဖြစ်တတ်သည်။ မိန်းကလေးသူငယ်ချင်းများနှင့်သွားလျှင်လည်း မသွားနဲ့။ မင်းကိုအခြောက်လို့ ထင်ကြလိမ့်မယ်ဟု ဆူတတ်ပြန်သည်။

ချစ်သူဘ၀မှာ ကျွန်တော် စိတ်ကျဥ်းကျပ်လာသည်။ ရှိုင်းညီသည်လည်း ကျွန်တော့်အပေါ် အေးစက်လာသည်ဟုပင် ထင်ခဲ့သည်။ ကျွန်တော့်ရဲ့မျှော်လင့်ချက်တွေ ပျက်ဆုံးကာနီးလုလုအချိန် ဒီဇင်ဘာလရဲ့ မနက်ခင်းတစ်ခုမှာ ရှိုင်းညီ ကျွန်တော့်ရှေ့ကို ပြန်ရောက်လာခဲ့သည်။ သူယူလာခဲ့သည့် ဒီဇင်ဘာပန်းလေးလိုပင် ဖြူသန့်နေသည့် ကျွန်တော့်ချစ်သူကို ကျွန်တော် မချစ်ဘဲမနေနိုင်ခဲ့။ ငါ တောင်းပန်ပါတယ် ဆိုတဲ့ စကားတစ်ခွန်းဟာ ကျွန်တော်ခံစားခဲ့ရသမျှ ဒဏ်ရာတွေကို ချက်ချင်းပျောက်ကင်းစေနိုင်လောက်အောင် အစွမ်းရှိနေခဲ့သည်။

"ငါ မင်းရှေ့မှာ အမြဲရှိပေးမယ် မိုးဇေ။ ငါတို့အရင်လို ဆက်ချစ်ကြမယ်။"

သူ ကမ်းပေးတဲ့ ပန်းလေးကို ကျွန်တော် ငုံ့နမ်းဖြစ်သည်။ မွှေးပျံ့ဖြူသင်းသည့် ပန်းလေးကိုကြည့်ရင်း ကျွန်တော်ပျော်သည်။

"မင်းက ဒီပန်းလေးလိုပဲ ချစ်စရာကောင်းတယ် ရှိုင်း.."

သူ့နှုတ်ခမ်းတွေ စူသွားသည်။ တကယ်စိတ်ဆိုးတာမဟုတ်မှန်းသိ၍ ကျွန်တော် ပြုံးဖြစ်သည်။

"တကယ်ပြောတာ။"

"ငါက ဒီပန်းထက် ပိုပြီး ချစ်စရာကောင်းတယ်။"

ရှိုင်းညီ ရယ်လိုက်လျှင် မြင်ရတတ်သည့် သွားထပ်လေးတွေကို ကျွန်တော်မြတ်နိုးသည်။ ကျွန်တော့်ခေါင်းမှ ဆံပင်တွေကိုဖွပြီး ကစားနေလျှင် ကျွန်တော်ပျော်သည်။

လောင်းရိပ်Where stories live. Discover now