ဇာတ်သိမ်းပိုင်း

10K 1K 216
                                    

နှစ်ပတ်လည်နေ့ကိုရောက်လာချိန် ကျွန်တော် ရင်တွေခုန်နေခဲ့သည်။ ရှိုင်းညီပေးထားသော လက်စွပ်လေးကို လက်ချောင်းမှာ လှည့်ပတ်ရင်း အိမ်ရှေ့သို့ မကြာမကြာ ကြည့်နေမိသည်။ ဒီလက်စွပ်လေးကို ကျောင်းခရစ်စမတ်ပွဲနေ့က သူ ပေးခဲ့သည်။ ထိုနေ့က မိုးတွေရွာနေသည်။ ဒီလက်စွပ်လေး၀တ်ပေးပြီး ဘောလုံးကွင်းရှိရာ အတင်းဆွဲခေါ်သည်။ ကျွန်တော် ငြင်းပေမယ့်မရ။ ရှိုင်းညီထုံးစံအတိုင်း အတင်းအကြပ်။

နောက်တော့ ကျွန်တော်တို့နှစ်ယောက် မိုးရေထဲ ဘောလုံးကွင်းမှာ ပတ်ပြေးကာ ဆော့ကြသည်။ ကျောင်းသားတွေအတော်များများ သတိထားမိသွားတာကို ကျွန်တော် မသိခဲ့။ ဒီအကြောင်းအရာသည် ကျွန်တော်တို့မိသားစုများအတွက် ပိုပြီး စိတ်ထင့်စရာဖြစ်ခဲ့သည်ကို ကျွန်တော် နားမလည်နိုင်သေး။ ကျွန်တော်တို့မိဘများကို တိုင်တန်းသူတွေ၊ စောင်းမြောင်းသူတွေ၊ ကဲ့ရဲ့သူတွေ ရှိခဲ့လိမ့်မည်ဟု သံသယမဖြစ်ခဲ့မိ။ ကျွန်တော် အသိနောက်ကျခဲ့သည်။ ယနေ့မနက် ရှိုင်းညီ ကျွန်တော့်ကိုလာခေါ်ချိန် ဖေဖေသည် သူစိမ်းတစ်ယောက်လို ရှိုင်းညီကို မကျေမနပ် စိုက်ကြည့်ကာ အလုပ်ထွက်သွားခဲ့သည်။

"မိုးဇေ.."

"အင်း.."

"မင်း အိမ်နဲ့ အဆင်ပြေရဲ့လား။"

"ဘာလို့လဲ ရှိုင်း.."

"အန်ကယ် မနက်က ငါ့ကိုကြည့်သွားတဲ့ပုံက တစ်မျိုးပဲ။"

ကျွန်တော် စိတ်မကောင်းနိုင်။ ဖေဖေ သဘောမကျဘူးဆိုတာကို နားလည်သည်။ ဒါပေမဲ့ ကျွန်တော် ဘယ်လိုလုပ်ရမလဲ။ ရှိုင်းသည် ကျွန်တော့်ဘ၀ဖြစ်နေပြီပဲ။ လူတစ်ယောက်ကို ချစ်ရမည်၊ မချစ်ရဘူးဟု အမိန့်ပေးလို့ ရပါမည်လား။ စိတ်မကောင်းစရာများကို မပြောချင်၍ စကားလွှဲဖြစ်သည်။

"ထားလိုက်ပါကွာ။ အခု စျေးအရင်သွားမယ်နော် ရှိုင်း။ ပြီးရင် ပန်းခြံ။"

"အေးပါ။"

ရှိုင်းညီသည် အမှန်ပင် ကတိတည်ခဲ့သည်။ ကျွန်တော် လိုချင်တာမှန်သမျှ ၀ယ်ပေးခဲ့သည်။ စားချင်တာမှန်သမျှ ၀ယ်ကျွေးခဲ့သည်။ တစ်နေ့လုံး ကျွန်တော်ပျော်နေခဲ့သည်။ ညနေစောင်းအချိန် ဘုန်းကြီးကျောင်းတစ်ခုသို့ ရှိုင်းညီခေါ်လာခဲ့သည်။ အထုပ်များကို ဆိုင်ကယ်မှာချိတ်ရင်း ကုန်းမြင့်လေးပေါ် ပြေးတက်လာခဲ့သည်။ စီးဆင်းနေသော မြစ်ပြင်ကျယ်နှင့် လှမ်းမြင်နေရသော စေတီတစ်ဆူ။ ကျွန်တော်တို့သွားလည်ခဲ့သည့် ရေတံခွန်ကြီးရှိရာ တောင်ကြီးကိုလည်း မြင်နေရသည်။ သစ်ပင်မြင့်ကြီးအောက်မှ နှစ်ယောက်ထိုင် ခုံတန်းလျားလေးသည် လှပသော သဘာ၀ရှုခင်းများကို ခံစားနိုင်ရန်အတွက် သီးသန့်လေးလို ဖြစ်နေသည်။

လောင်းရိပ်Where stories live. Discover now