Chapter 3

4.3K 554 4
                                    

"ဒီနေ့ ဒါရိုက်တာအသစ်ကိုကြိုဆိုမယ့်
ညစာစားပွဲရှိတယ်နော်
အကုန်အိမ်မပြန်ပဲလိုက်ရမယ် ဒါပဲ"

ဌာနမှုးရဲ့တစ်ချက်လွှတ်အမိန့်ကြောင့်
အကုန်လုံးစိတ်ညစ်သွားကြသည်။

အထက်လူကြီးရှိတဲ့ ညစာစားဝိုင်း
တစ်နည်းအားဖြင့်အရက်ဝိုင်းပေါ့
အဲ့တာကဘယ်လောက်စိတ်ကျဉ်းကျပ်ဖို့ကောင်းလဲ။

သူတို့တင်မဟုတ်
Jiminလည်းမလိုက်ချင်
အဲ့မှာJungkookရှိနေတယ်ဆိုရင်တောင်မှပဲ။

်အဲ့လိုနဲ့ပဲ
ရုံးဆင်းတော့ ရုံးနားမှာရှိတဲ့
အသားကင်ဆိုင်ကိုပဲသွားကြသည်။

တစ်ဆိုင်လုံးသူတို့ဝန်ထမ်းတွေပဲဖြစ်ပြီး
Jungkookကိုလည်းမတွေ့သဖြင့် သူစိတ်သက်သာရာရသွားသည်။

ဆိုင်‌ရောက်‌တော့လည်းJiminမှာအေးဆေးမနေရ၊
ဆိုဂျူသိပ်မသောက်နိုင်တဲ့Jiminက
သုံးခွက်ထက်ပိုသောက်လို့မရဘူး။
အဲ့တာကိုသိတဲ့ဆန်းဟွန်းက
ဒီနေ့ကြမှသူ့ကိုအတင်းလိုက်တိုက်နေလို့
Jiminတစ်ယောက်ပတ်ပြေးနေရသည်။

ဆန်းဟွန်းက
Jiminကိုရဲဆေးတင်ပြီး
marketingဌာနကအသစ်ရောက်တဲ့ကောင်မလေးကို
အတင်းဖွင့်ပြောခိုင်းနေသည်။

ကောင်မလေးကချစ်ဖို့ကောင်းပြီး
Jiminကိုစိတ်ဝင်စားတဲ့ပုံပြလည်း
Jiminမှရင်မခုန်ပဲ။

"တော်ပြီ ဆန်းဟွန်း
ငါ့limitကိုသုံးခွက်တောင်ကျော်နေပြီ။"

"အာ စီစီပေါက်စကလည်း
သွားပြောလိုက်ပါဆို
မဟုတ်ရင် စီစီပေါက်စကFAဘဝကမကျွတ်နိုင်ဘူး"

သူတောင်သောက်ဖြစ်မရှိလို့
FAဖြစ်နေတဲ့ကောင်က
သူ့ကိုများမကျွတ်လွတ်နိုင်ဘူးလေးဘာလေးနဲ့။

"မင်းကြီးတော်ကိုပဲ စီစီပေါက်စလိုက် ကြက်ဥပုပ်ကောင်ရဲ့"

"စီစီပေါက်စမပြောရင် ကျနော်ပြောမယ်"

"ပြောကွာ ပြော"

စကား‌တပြောပြောနဲ့သောက်နေသည်မှာ

သူတို့အပြင် ဝန်ထမ်းသုံးလေးယောက်လောက်ပဲ
ဆိုင်ထဲမှာရှိတော့သည်။

ဆန်းဟွန်းကတော အိမ်သာထဲသွားပြီးထိုးအန်နေပြီထင်သည်။သူကမူးပြီးရင်အန်ရမှ....

ရည်းစားဟောင်းWhere stories live. Discover now