X'mas special extra

6.2K 511 16
                                    

မနက်ဖြန် ခရစ်စမက်နေ့အတွက်
အိမ်မှာအလှဆင်ဖို့လိုအပ်တာ‌တွေဝယ်ရန်
Jiminတို့နှစ်‌ယောက်ကုန်တိုက်ကိုထွက်လာခဲ့သည်။

အိမ်ရှေ့ကိုရောက်လာမယ့်ကလေးတွေအတွက်လည်း
သကြားလုံးတွေဝယ်ရဦးမယ်။

ကုန်တိုင်ထဲဝင်ဝင်ချင်းကို သကြားလုံးတန်းနား
ပြေးသွားတဲ့ပေါက်စနောက်ကိုသူပြေးလိုက်ရပြန်သည်။

ကလေးတွေအတွက်ဆိုတာ အလကား...
ပြီးရင်သူ့ချည်းပဲစားတာ...

ဒီအရွယ်ကြီးမှသွားကျိုးရင်ရှက်စရာကြီးလို့ပြောလည်း
ပြောတုန်းခဏပါပဲ...
ပြီးရက်သကြားလုံးတွေကိုလက်ကမချ....။

သူကြိုက်တဲ့သကြားလုံးက သူ့ထက်ခေါင်းတစ်လုံးစာလောက်မြင့်နေတော့ ခုန်ဆွခုန်ဆွနဲ့လှမ်းယူလည်းမရ။

အစားအသောက်မြင်ရင်အဲ့လိုပဲ
နောက်မှာပါတဲ့‌အရပ်ရှည်တဲ့ကိုယ့်‌ယောကျာ်းတစ်ယောက်လုံးကို...
ယူခိုင်းဖို့လည်းသတိမရ....။

အနားကို‌ခြေသံမကြားအောင်သတိထားကာသွားလိုက်ပြီး

ခါးလေးကနေချီပြီးဆွဲမြှောက်လိုက်သည်။

လေထဲမှာ‌ခြေကားယားလက်ကားဖြစ်သွားတော့
ရုတ်တရက်လန့်သွားပုံရပြီး
သူ့ကိုမျက်လုံးလေးတြွေပူးပြီးငုံ့ကြည့်သည်။

ပြီးမှသဘောပေါက်သွားပုံရကာ
ရှက်ရယ်ရယ်ပြသည်။

သူ့ကိုခဏပဲအာရုံစိုက်လိုက်တာခံရပြီး
အ‌ပေါ်အကန့်ကသကြားလုံးအထုပ်တွေကို
နိုင်သလောက်အကုန်သယ်သည်။

သူစိတ်ကြိုက်မုန့်‌တွေပတ်ဝယ်ပြီးတော့မှ
ခရစ်စမတ်သစ်ပင်အတွက်လိုအပ်တာတွေဝယ်ရသည်။

သစ်ပင်ကအိမ်မှာရှိပေမယ့်
မနှစ်ကအလှဆင်တဲ့မီးတွေကသုံးလို့မရတော့လို့
ပြန်ဝယ်နေရတာဖြစ်သည်။

ပေါက်စကိုယ်တိုင်စိတ်ကြိုက်ရွေးစေပြီးတော့မှ
ပြန်ထွက်လာခဲ့သည်။

"ပီဇာ စားချင်တယ်"

ဝယ်ထားတာတွေကားထဲသွားထည့်ပြီး
ကုန်တိုက်ထဲပြန်ပတ်ကြည့်နေတုန်း
ဘေးနားကယောက်ျားပေါက်စကပီဇာဆိုင်တွေ့တော့
ပီဇာစားချင်သည်တဲ့။

ရည်းစားဟောင်းWhere stories live. Discover now