Memories with him

3.3K 444 3
                                    

တစ်ယောက်ယောက်ကိုချစ်ပေးနေရရင်
အသက်ရှင်နေရတာပိုအဓိပ္ပာယ်ရှိသလို ခံစားရတယ်။

မနက်ခင်းတွေမှာ
Jungkookအသံနဲ့အစပြုရပြီး

ညအိပ်ယာဝင်ခါနီးအထိ သူ့အသံကိုကြားရသည်။

ကပ်စေးနည်းတယ်လို့ဆိုရလောက်နီးနီး
ချွေတာတတ်ပြီး တတ်နိုင်သလောက်
ပိုက်ဆံကိုမသုံးပဲနေတတ်တာကလွဲရင်
Jungkookကသူ့ကိုတော်တော်လေးဂရုစိုက်ပေးပြီး
အများကြီးလည်းချစ်ရှာသည်။

အိမ်ကအထောက်အပံ့မယူပဲ
ငယ်ငယ်လေးကတည်းက
ကိုယ့်‌အားကိုယ်ကိုးလာရတဲ့Jungkookက
ပိုပြီးကြိုးစားသည်။

သူအိပ်ယာကမထသေးပဲ
Jungkookအကြောင်းကိုစဉ်းစားနေတုန်း
ဖုန်းဝင်လာသည်။

ဘယ်သူခေါ်တာလဲနှစ်ခါပြန်စဉ်းစားစရာမလို
သူ့ရဲ့ပြီးပြည့်စုံတဲ့ကောင်လေးပဲ။

"ဟယ်လို"

"နိုးပြီလားBae"

"ဟုတ် အခုလေးတင်"

"ကိုယ်ခဏနေကုမ္ပဏီသွားရတော့မှာ
ညကြမှဖုန်းထပ်ဆက်မယ်
စာကြိုးစားနော် ကလေး"

ဘွဲရပြီးကုမ္ပဏီတစ်ခုမှာအလုပ်သင်အဖြစ်နဲ့
အလုပ်ဝင်နေတဲ့Jungkookကြောင့်သူတို့မှာဆုံနိုင်ဖို့
မလွယ်တော့။

ပိတ်ရက်တွေလောက်ပဲတွေ့ဖြစ်ကြတော့သည်။

ကျောင်းမပြီးသေးတဲ့Jiminကတော့
အမြန်ထပြီးကျောင်းသွားဖို့လုပ်ရသည်။

ကျောင်းကိုလည်းရောက်ရော
မရောက်စဖူး ‌အစောကြီးရောက်နေတဲ့Taehyungက
ထိုင်ခုံမှာအသိစိတ်လွတ်နေတဲ့သူလို
ငူငူကြီးထိုင်နေပြီး သူရောက်နေတာတောင်သတိမထားမိ၊

"Taehyungမင်းဘာဖြစ်နေတာလဲ
စောစောစီးစီး လဒကြီးကြနေတာပဲ"

သူဖဲ့တာတောင်သူ့ကိုခွန်းတုံ့မပြန်နိုင်ပဲ
ငိုမဲ့မဲ့မျက်နှာကြီးနဲ့ သူ့ဘက်လှည့်လာသည်။

"Hoseokက ဖုန်းမဆက်တာသုံးရက်ရှိပြီ
ငါလွမ်းနေတာကိုကွာ"

Jiminတို့ချစ်သူဖြစ်ပြီးသိပ်မကြာခင်မှာပဲ
ချစ်သူတြွေဖစ်သွားကြတဲ့
Taehyungတို့ရည်းစားသက်တမ်းကလည်း Jiminတို့နဲ့သိပ်မကွာ။

ရည်းစားဟောင်းWhere stories live. Discover now