Memories with him

3K 389 4
                                    

"ခွမ်း"

ရေချိုးခန်းထဲကထွက်လာလာခြင်း
တစ်ခုခုကျကွဲသံကြားလိုက်သည်။
အသံလာရာဘက်ကိုကြည့်လိုက်တော့
ဖြူဖွေးတစ်ကောင်ပြေးထွက်သွားသည်။

အလန်တကြားနဲ့သူသွားကြည့်မိတော့
ပြီးခဲ့တဲ့ Christmas က
Jungkookပေးထားတဲ့snow ballလေးကွဲသွားတြာဖြစ်လို့ သူစိတ်ပျက်လက်ပျက်နဲ့ထိုင်ချလိုက်မိသည်။

လက်ဆောင်ပေးခဲတဲ့Jungkookဆီက
ရှားရှားပါးပါးလက်ဆောင်လေးမလို့
သူတန်ဖိုးထားရတဲ့ပစ္စည်းလေး။

ဖုန်းကိုလှမ်းယူလိုက်ပြီး
Jungkookဆီဖုန်းကိုဖုန်းခေါ်လိုက်သည်။

ဖုန်းကဝင်သွားပြီးတော်တော်နဲ့မကိုင်။
Jiminချလိုက်တော့မလို့လုပ်မှ
ပြန်ဖြေသံကြားရလာသည်။

"ပြောစရာရှိလို့လား ကလေး
ကိုကိုအလုပ်နောက်ကျနေလို့ မြန်မြန်သွားမြှဖစ်မှာ
အချိန်သိပ်မရဘူး"

"ဘာမှမဟုတ်‌ပါဘူး
မနက်ကဖုန်းမဆက်လိုက်ရလို့"
အရေးကြီးနေပုံရတဲ့Jungkookကြောင့်
သူဝမ်းနည်းနေတာကိုမပြောပြဖို့ဆုံးဖြတ်လိုက်သည်။

"ကိုကိုညက အိပ်တာနောက်ကျလို့
မနက်ကြတော့လည်းမနိုးဘူး ကလေးဆီဖုန်းမဆက်မိတာ
စိတ်မဆိုးဘူးမလားဟင်"

ဘယ်လိုလုပ်စိတ်ဆိုးရက်ရပါ့မလဲ...
အလုပ်များတဲ့သူပဲဟာ။

"မဆိုးပါဘူး
ဒါပဲလေ အလုပ်ကိုကောင်းကောင်းသွား"

"ဟုတ်ကဲ့ခင်ဗျာ
အာ...ချစ်တယ်နော် ကလေးလေး"

"အင်း..ကျွန်တော်ရောပဲ"

‌ဖုန်းချပြီးတဲ့အထိ သူဖုန်းကြီးကိုကိုင်ကာ
ထိုင်ရာကနေမထမိသေး။
အခုတလော ပိုပိုအေးစက်လာတဲ့
Jungkookနဲ့သူရဲ့ဆက်ဆံရေးကြောင့်
သူစိတ်ပင်ပန်းသည်။
Jungkookကဘယ်လောက်ကြိုးစားတဲ့သူလဲဆိုတာကို
မသိတာလည်းမဟုတ်ပဲ
အချိန်မပေးနိုင်လို့ဆိုပြီး စိတ်ပျက်နေတဲ့သူ့ကိုယ်သူလည်း
ဒေါသထွက်သည်။

သူ့ကိုမချစ်တော့တာများလား
စိတ်ကုန်နေပြီလား...
အသစ်များ‌တွေ့နေပြီလား..
အဲ့လိုတွေအထိလိုက်တွေးနေပြီး မိန်းမဆန်နေမိတဲ့
သူကတကယ်စိတ်ပျက်ဖို့ကောင်းနေပြီလား။

ရည်းစားဟောင်းWhere stories live. Discover now