Chapter 4

4.4K 529 1
                                    

Jimin မားနဲ့အတူညစာစားပြီး
မားကိုအခန်းထဲပို့ပေးခဲ့သည်။

ပြီးတော့
ရေခဲ‌သေတ္တာထဲမှာအသီးတွေကုန်ခါနီး
ဝယ်ဖြည့်ဖို့လိုနေလို့
လမ်းထိပ်မှာရှိတဲ့ မားကတ်ဆီထွက်လာသည်။

ထမင်းသိပ်မစားနိုင်တဲ့မားက
အသီးပျော့ပျော့လေးတွေတော့ စားရတာကြိုက်တာမလို့
သူ့မှာရေခဲသေတ္တာထဲကိုအသီးမပြတ်အောင်ဂရုစိုက်ရသည်။

အသီးဝယ်ရာကပြန်လာတော့
သူတို့အိမ်နဲ့ခပ်လှမ်းလှမ်းမှာရပ်ထားတဲ့ကားတစ်စီး၊
ဟိုတစ်နေ့ကမှတ်တိုင်မှာသူကားစောင့်နေတုန်း
သူ့ဘေးကဖြတ်မောင်းသွားတဲ့
Jungkookကားနဲ့ဆင်သလိုရှိတာကြောင့်
အနားကပ်ပြီး
ကားနံပါတ်ကိုကြည့်လိုက်တော့
သူမှတ်ထားတဲ့ကားနံပါတ်
JungkookကားမှJungkookကားစစ်စစ်ကြီး။

စပ်စုချင်စိတ်ကြောင့်
ကားထဲမှာလူရှိမရှိ ကုန်းကုန်းကွကွနဲ့ကြည့်နေတုန်း
ကားမှန်ကလျောကနဲကျလာသည်။

ပြိုတော့မယ့်မိုးလိုဖြစ်နေတဲ့Jungkookမျက်နှာကြောင့်
သူ့မှာလန့်ပြီးထွက်ပြေးမလို့လုပ်ပြီးမှ မသွားနိုင်သေးပဲ
ကားနောက်မှီကိုမှီပြီး
လျော့ရဲရဲထိုင်နေတဲ့Jungkookကိုကြည့်နေမိသည်။

ခဏကြာတဲ့အထိတုပ်တုပ်မှမလှုပ်တဲ့Jungkookကြောင့်
သူလှည့်ထွက်သွားမလို့လုပ်နေတုန်း

"မသွားပါနဲ့"
သူ့ဆီကထွက်လာတဲ့ အသံခပ်တိုးတိုး

Jungkookရဲ့အဲ့လိုပုံစံကိုသူတစ်ခါမှမမြင်ဖူး
တကယ်ပဲ ဘာတွေများဖြစ်လာခဲ့လို့...

ကားတံခါးကိုဆွဲဖွင့်ပြီးဆင်းလာကာ
‌ခေါင်းကJiminပခုံးပေါ်ကိုမှီလာသည်။
မတွေ့ဖြစ်တဲ့ငါးနှစ်အတွင်းအရင်ကထက်တောင်ပိုထွားလာပုံရသည်။
ကွာလွန်းတဲ့ခန္ဓာကိုယ်အနေအထားကြောင့်
သူ့ကိုလှမ်းထိန်းလိုက်ရသည်မှာ
လက်ထဲကအသီးအိတ်လည်းအောက်ကိုပြုတ်ကျသွားပြီ။

ပခုံးမှာခပ်နွေးနွေးအရည်တွေ
တဖြည်းဖြည်းစိုလာသည်ကိုသတိထားမိမှ
သူငိုနေမှန်းသိရသည်။

ကလေးတွေကိုချော့သလိုကျောကိုပဲ
ဖြည်းဖြည်းလေးပွတ်ပေးနေလိုက်သည်။

ရည်းစားဟောင်းTempat cerita menjadi hidup. Temukan sekarang