Episode-(1) Z+U

44.8K 2.3K 102
                                    

Zawgyi Version

ငှက်​ဆိုးထိုးသံကြီးလိုဆိုးရွားလှသည့်​နှိုးစက်ရဲ့ မြည်​သံကနှောက်​ယှက်​လာတာမလို့မျက်​လုံး
မပွင့်​သေး​ပေမဲ့လဲဇွတ်​ဖြဲကာထလာရသည်​။

မထလို့မရ။ဒီနေ့သူမရဲ့အလယ်တန်းနောက်ဆုံးနှစ်​ပထမဦးဆုံး​ကျောင်းဖွင့်​ရက်​ဖြစ်​သည်​။

ဆောင်းဦးရာသီတစ်​ခုလုံးပိတ်​ထား​ပေး​ပြီးပြီမို့လို့ ပထမဆုံး​ကျောင်းဖွင့်​ရက်​မှာ​နောက်​ကျလို့​တော့ မ​ကောင်း။

"အိုက်​ယား...Zu er ထစမ်းပါ...အပျင်း တစ်​မ​နေနဲ့..."

ကိုယ့်​ဟာကိုယ်​သတိ​ပေးသလိုပါးကိုလက်​ဝါးနှင့်​စုံရိုက်​ချလိုက်​တယ်။

ကိုယ့်​လက်​စနဲ့ကိုယ်​ရိုက်​ချပြီးမှအီစလံ​ဝေသွားလို့ပါး​လေးကိုပွတ်​ရင်း​ရေချိုးခန်းထဲဝင်​လာလိုက်​သည်​။

ဟုတ်​ကဲ့...ကျွန်​မကိုကျွန်​မမိတ်​ဆက်​ရမယ်​ဆိုရင်
ကျွန်​မနာမည်​က Song Zu er ပါ။Zu က
ဘိုးဘွားဘီဘင်​က Zu ပါ။သာမန်​အလယ်​တန်း​ကျောင်းသူတစ်​ဦးပါ။Cosmetics တွေ၊အစား
အ​သောက်​တွေ၊အဆင်​လေး​တွေနဲ့ဘဝကြီးကို ရိုးရိုးရှင်းရှင်းဖြတ်​သန်း​နေသူ​လေး​ပေါ့။

ကျွန်​မဘဝက​ပျော်​စရာ​ကောင်းလားဆိုရင်​တော့ပျော်​စရာ​ကောင်းပါတယ်​လို့​ပဲဖြေရမယ်​။

ကျောင်းတွင်းအဆင့်​ကလဲ​အောက်​ဆုံးနဲ့အ​ပေါ် ဆုံးကြားအလယ်​လတ်​လောက်​မှာရှိ​နေပြီးမျက်​နှာဖူးဖူးဝိုင်းဝိုင်းနဲ့ချစ်​စရာအပြုံး​လေး​တွေ​ကြောင့်​လူချစ်​လူခင်​လဲများသူတစ်​ယောက်​ပါ။တတိုင်းရဘဝ​လောက်အထိသူ​ဌေးသမီးကြီးဖြစ်​နေတာ​တော့မဟုတ်​ပေမဲ့လိုချင်​တာမှန်​သမျှ
တော့မရတာရှားပါသည်။

ဒီ​တော့ကျွန်​မဘဝကြီးမှ​နေမ​ပျော်​ဘူးဆိုရင်​ဘယ်​သူ့ဘဝက​နေ​ပျော်​ဦးမှာလဲ။

ဒါ​ပေမယ့်​အမြဲတမ်းပြီးပြည့်​စုံ​နေတဲ့အရာဆိုတာ ဒီလောကမှာမရှိဆိုတဲ့အတိုင်းပဲကျွန်​မဘဝမှာလဲ အဆင်​မ​ပြေဘူးလို့​ပြောလို့ရနိုင်​လောက်​သည့်​အ​ကြောင်းပြချက်​သေး​သေးပိစိ​ကွေး​လေးတစ်​ခု
တော့ရှိပါတယ်​။

Don't Bring My Brother Away  (Completed)Where stories live. Discover now