Zawgyi Version
ပထမနှစ် Programming ကျောင်းသားတစ်ယောက်ဖြစ်တဲ့ Wang Yibo ဟာ Xiao Zhan ထက်တော့စာကြည့်ချိန်သိပ်မလိုတာအမှန်ပဲ။
အရင်ဆိုသူဘယ်သွားသွားတကောက်ကောက်လိုက်ချင်ပုံပေါ်တဲ့ကျန့်ကောခမျာခုတော့စာကြည့်စားပွဲမယ်ခေါင်းစိုက်နေရှာပြီ။နှစ်ဝက်
project ဆိုလားဘာဆိုလားပဲ။နည်းတောင်နည်းသေးတယ်။ကိုယ့်စာကိုယ်မသိပဲသူ့နောက်အရိပ်လိုတကောက်ကောက်လိုက်ချင်နေတာကိုး။ခံပေါ့။
လွပ်လပ်ရေးရသလိုဖြစ်နေတဲ့ Wang Yibo က
Arthur နဲ့အတူ night out ပါထွက်လိုက်သေးတာ။သူတို့အဆောင်ကစာသင်နှစ်စစချင်းမှာရှစ်နာရီပိတ်ပေမဲ့နှစ်ဝက်လောက်ရောက်တော့သဘော ကောင်းတဲ့အဆောင်မှူးကြီးကဆယ်နာရီထိဖွင့်ပေးသည်။သူလဲလူငယ်ဘဝဖြတ်သန်းလာတော့ကိုယ်ချင်းစာတယ်နဲ့တူပါတယ်။
အရင်ရက်တွေကအဆောင်မပိတ်ခင်အမှီပြန်ရောက်တယ်။ဖြစ်ချင်တော့ဒီနေ့ကျမှ Arthur
ငပွေးကဇယားတစ်ခုနှောက်လိုက်တာဟိုကပိုင်ရှင်ကြီးလိုက်ချလာရော။ရုတ်ရုတ်သဲသဲနည်းနည်းဖြစ်သွားပေမဲ့ကျိုးကန်းပဲ့ရွဲ့တာတော့မရှိလိုက်။ဟိုကလူမိုက်ပုံစံတပည့် တပန်းအယောက်နှစ်ဆယ်လောက်ရှိတဲ့ဘဲဆိုတော့ခွေးပြေးဝက်ပြေးကားပေါ်မနည်းတက်ပြေးလာရတာ။
ကားလမ်းမပေါ်လျောလျောရှုရှုရောက်တော့မှပဲသက်ပြင်းချပြီးချစ်လှစွာသောသူငယ်ချင်းလေးကိုသောက်ခွက်ဖြတ်ကန်ခြင်းအမှုစရသည်။
Arthur ကအဆောင်ရှေ့အရောက်ပြန်ပို့ပေးပြီး
ထွက်သွားတော့မှတကယ့်ကွိုင်စတာ။သော့ပိတ်ထားတဲ့ခြံတံခါးလေးကလျှာထုတ်ပြောင်ပြနေတာထက်ဆိုးသည်။ဟိုကောင့်ကိုပဲပြန်လာခေါ်ခိုင်းရနိုးနိုးနဲ့ဝေခွဲမရဖြစ်နေမိပေမယ့်ကိုယ့်အခန်းကိုယ်ပြန်ချင်စိတ်ပဲပိုများနေတာ။
ဘေးတစောင်းလှဲလိုက်လို့မျက်နှာချင်းဆိုင်
ကုတင်မှာရှိနေမဲ့လူတစ်ယောက်ကိုမြင်တော့မှ
နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်တတ်တဲ့သူ့အတွက်အပြင်မှာအိပ်ဖို့လုံးဝအဆင်မပြေ။
YOU ARE READING
Don't Bring My Brother Away (Completed)
Fanfictionဘဝကြီးကခါးပါသည်။ဖူးစာရှင်လို့သတ်မှတ် ထားသည့်crush ကြီးကအစ်ကိုဖြစ်သူကို သဘောကျနေတယ်လို့သိလိုက်ရတဲ့အခါဘဝ ကြီးကပို၍ခါးသွားသည်။ A/N ကြည့်ဖူးတဲ့ FMV တစ်ခုကိုမှီငြမ်းပြီးရေး ထားတာဖြစ်ပါတယ်။