Episode-(12) Z+U

11K 1.3K 34
                                    

Zawgyi Version

ဘေးဘီဝဲယာ​တောက်​​လျှောက်​ကထင်းရှူး​ပင်​​တွေတစ်​သီတစ်​တန်းနဲ့...။

သွား​နေရတဲ့ခရီးကသူတို့​နေတဲ့ Hobart မြို့နဲ့ဆို
နာရီဝက်​​လောက်​ကား​မောင်းရင်​ကို​ရောက်​ရမဲ့
ဟာလမ်းမှာနှင်း​တွေဖုံး​နေလို့​တော်​​တော်​နဲ့ခရီး
ကမ​ရောက်​။

Mt.Wellington...။တစ်​ချို့က Kunanyi လို့လဲ​ခေါ်ကြတယ်​။

Hobart မြို့ကိုဝင်​ဝင်​ချင်း​တွေ့ရမှာဖြစ်​တဲ့​တောင်
ကြီး။

Xiao Zhan ​ရော Yibo ​ရော​ကျောင်းပိတ်​လိုက်​လို့​ဆောင်းရာသီပိတ်​ရက်​ရှည်​မှာ​ Yibo ရဲ့​တောင်းဆိုမှုအရ​နေ့ချင်းပြန်​ခရီး​လေးတစ်​ခုထွက်​လာခြင်းဖြစ်​သည်​။

အစကဖက်​ထုပ်​​လေး​ရွေးထားတာ Cradle
Mountain...။ရေပူစမ်းရှိလို့ဆိုလားပဲ။

ဒါ​ပေမယ့်​ခရီးက​တော်​​တော်​ကို​ဝေးတာ။(4)နာရီ
လောက်​ကားစီးရမယ်​ဆို​တော့မဖြစ်​​သေးပါဘူး
လေဆိုပြီးနီးနီးနားနားက Mt.Wellington ကိုပဲ
သ​ဘောတူလိုက်​တာ။

"က​လေး​လေး...ဖက်​ထုပ်​​လေး...ထပါဦး...
သူလာချင်​တယ်​ဆိုလို့လဲ ​ကောကလိုက်​လာ​ပေး​ရတယ်​...တစ်​​ချိန်​လုံး ​ကော​ပေါင်​​ပေါ်မှာပဲအိပ်​​နေ​တော့မှာလား...ရှုခင်း​တွေ ဘယ်​​လောက်​လှလဲ
ထကြည့်​ပါဦး..."

ဆွယ်​တာကုတ်​အဖြူကြီးထဲမှာ​ပျောက်​​နေတဲ့
Yibo ကတကယ့်​ပိုးတုံးလုံး​လေး...။

နှာ​ခေါင်းနီနီ​လေးနဲ့နားရွက်​ရဲရဲ​လေးသာမမြင်
ရဘူးဆိုရင်​လူ​​ယောင်​ဖန်​ဆင်းထားတဲ့ပိုးတုံးလုံး ​လေးလို့ကိုထင်​မိ​တော့မှာ။

နှာ​ခေါင်း​လေးကိုဆွဲညှစ်​​တော့အင်းခနဲညည်းကာ
ခါးကိုတိုးဖက်​ပြီး Xiao Zhan ဗိုက်​​နေရာမှာအပ်​ထားတဲ့သူ့မျက်​နှာ​လေးမ​ပေါ်အောင်​ဖွက်​​လေ​သည်​။

"အိပ်​ချင်​​ယောင်​​ဆောင်​မ​နေနဲ့​တော့...က​လေး
နိုး​နေပြီမှန်း​ ​ကော သိတယ်​...မထဘူးဆိုရင်
ကလိထိုး​တော့မှာ​နော်​..."

ဒီ​တော့မှမျက်​လုံး​လေး​ပေကလပ်​​ပေကလပ်​ဖွင့်
ပြီးသူ့ကို​မော့ကြည့်​​လေသည်​။သွားညီညီ​လေး​တွေ​ပေါ်​အောင်​ပြုံးပြဖို့လဲမ​မေ့။

Don't Bring My Brother Away  (Completed)Where stories live. Discover now