Episode-(19) Z+U

11.4K 1.4K 317
                                    

Zawgyi Version

တောသားမြို့တက်တွေကိုမင်းတို့မြင်ဖူးကြလား။
မမြင်ဖူးရင်အခု Xiao Zhan နဲ့ Zu er ကိုသာသွားကြည့်လိုက်။လုံးဝသဘောပေါက်သွားလိမ့်မယ်။

သူတို့မောင်နှမနှစ်ယောက်အတွက်လေယာဉ်တစ်စီးရဲ့ business class ဆိုတဲ့ VIP တန်းကြီးကတကယ်ကိုထူးခြားဆန်းကြယ်နေတာ။

ပုံမှန်ဆိုပါးဆီပြန်ရင်ရိုးရိုးတန်း economy class နဲ့ပဲနှစ်ပါးသွားတာ။ကားနဲ့သွားရင်ဘေကျင်းကနေချုံချင်းအထိဆို(24)နာရီလောက်စီးရမှာ။မခံသာဘူး။ဒါကြောင့်လေယာဉ်လက်မှတ်ခကဈေးကြီးပေမဲ့လဲတစ်နှစ်မှတစ်ခါဆိုတော့ကြိတ်မှိတ်ပြီးသုံးရတာပဲ။

သူတို့သွားတဲ့အချိန်ကခရီးသွားရာသီလဲမဟုတ်တဲ့အခါကျတော့လက်မှတ်ကိုအစောကြီးတည်းကကြိုတင်ဘိုကင်လုပ်နေစရာမလိုဘူး။သွားခါနီး
နှစ်ရက်၊သုံးရက်လောက်အလိုမှဝယ်ဖြစ်တာ။

ဒီတစ်ခေါက်လဲအဲ့လိုပဲသွားခါနီးမှဝယ်မယ်ပေါ့
ဆိုပြီးလုပ်နေတုန်းဖက်ထုပ်လေးကလေယာဉ်လက်မှတ်ကြီးနဲ့ရောက်ချလာတာ။သူဝယ်ပြီးပြီတဲ့လေ။

အဲ့ထိလဲ Xiao Zhan မရိပ်‌မိသေးဘူး။ရိုးရိုးစီးနေကျအတန်းပဲပေါ့။လေယာဉ်ပေါ်တက်တော့မှခုံနေရာမေးတော့ business class ထဲလက်ဆွဲခေါ်သွားတာ။

မျက်လုံးပြူးပြီးလှမ်းကြည့်တော့မှင်သေသေနဲ့ပြန်ကြည့်တယ်။ဝယ်ပြီးပြုပြီးလို့လေယာဉ်ပေါ်တောင်ရောက်နေပြီဆိုမှတော့ Xiao Zhan
ဘာအထွန့်တက်လို့ရဦးမှာလဲ။

မပြောမဆိုလုပ်ချလာလို့မစီးဘူးငြင်းပြန်ရင်လဲ
နှမျောစရာကြီးလေ။ဝယ်တာကဝယ်ပြီးနေပြီ။ပိုက်ဆံလဲပြန်အမ်းခိုင်းလို့မရတော့ဘူး။

"မိုက်တယ်...နင်ခရီးသွားတိုင်း ဒီအတန်းက
စီးတာလား..."

"မဟုတ်ဘူး...first class ကစီးတာ..."

ဘာမျှထူးခြားသွားတဲ့စကားမဟုတ်သလိုမျိုး
မျက်နှာသေနဲ့ပြောလာတဲ့ Yibo ကိုကြည့်ပြီး
Zu er တကယ်အမြင်တွေကပ်လာတာ။စိတ်ထဲမှာလဲဖင်ခေါင်းစတားကြီးဆိုပြီးအော်နေမိတာပေါက်ထွက်တော့မယ်။

Zu er ဆိုသည်မှာလဲကိုယ့် crush ကိုတောင်
ပြန်ကြည့်မရတာမျိုး။ဒါပေမယ့် Yibo ရိုက်ပေါက်တွေလုပ်တာလဲမေ့ထားလို့မရဘူး။

Don't Bring My Brother Away  (Completed)Where stories live. Discover now