Episode-(5) Z+U

13.5K 1.6K 101
                                    

Zawgyi Version

ကျန့်​ကောတိုက်​ခန်းနဲ့ Yibo အိမ်​ယာကစက်​ဘီးနဲ့လာမယ်​ဆိုအနည်းဆုံးနာရီဝက်​လောက်
နင်းရသည်​။

ဒါ​ပေမယ့်​လဲ​မြန်မြန်​ရောက်​ချင်​စိတ်​နဲ့မှန်းထား တာထက်​စောပြီးထွက်​ချလာလိုက်တယ်​။ကြို​ရောက်​တော့လဲ​အောက်​မှာ​စောင့်​နေမှာ​ပေါ့။

သိပ်​တော့မကြာလိုက်...။

(10)မိနစ်​လောက်​အကြာမှာ Xiao Zhan တို့​မောင်​နှမနှစ်​ယောက်​ဆင်းလာသည်​။

"Yibo...​စောင့်​နေရတာ ကြာပြီလား...sry ကွာ..."

"ကျွန်​တော်​လဲ အခုမှ​ရောက်​တာ..."

"​တော်​ပါ​သေးရဲ့...Zu er​ တစ်​ယောက်​ကွာ...
ပြင်​လို့ဆင်​လို့ကို မပြီးနိုင်​တာ...သွားခါနီးအထိ ဘာ​တွေမှန်းမသိ​လျှောက်​လိမ်း​နေ​သေးလို့ မနည်းဆွဲ​ခေါ်လာရတယ်​...မဟုတ်​ရင်​ဒီ​နေ့​ကျောင်း​ရောက်​တော့မှာ မဟုတ်​ဘူး..."

"ရာသီဥတုက​အေးလာပြီ​လေ​ကောရယ်​...
ဒီ​တော့ အသားအ​ရေမပျက်​စီး​အောင်​ skin လေး
ဘာ​လေး care ရမှာ​ပေါ့..."

အရင်​နေ့​တွေ​တုန်းကများအိပ်​လိုက်​တာမှ​ခေါင်း
ကိုဆင်​တက်​နင်းသွားရင်​တောင်​ဘဝတစ်​ပါးကို
ငြိမ်းငြိမ်းချမ်းချမ်းကူး​ပြောင်းသွားနိုင်​ဖွယ်​ရှိသည့်​ပုံ။

skin car ဖို့မ​ပြောနဲ့။ဘာမှကိုထမ care ပဲ
ကာလနဂါးလိုအိပ်​တာ။

"ဒါဆိုလဲ သွားကြတာ​ပေါ့...ခဏ​လေး...​ကော
စက်​ဘီးသွားထုတ်​လိုက်​မယ်​..."

စက်​ဘီးက Zu er စက်​ဘီးဆို​တော့သိတဲ့အတိုင်း
ပန်း​ရောင်​ကိုမှလိပ်​ပြာ​တွေ၊ပန်းပွင့်​တွေနဲ့။အိမ်​မှာ
Xiao Zhan ကစက်​ဘီးမစီးတတ်​တော့ Zu er အတွက်​ပဲဟိုသွားဒီသွားလုပ်​လို့ရ​အောင်​မားက
ဝယ်​ပေးထားတာ။

အခု​တော့ဒီပန်း​ရောင်​ကြီး​ပေါ်အ​ရှေ့ကညီမဖြစ်​သူနင်းတာကို​ Xiao Zhan ကအ​နောက်​က​နေ မိန့်​မိန့်​ကြီးလိုက်​စီးရ​တော့မည်​။

"ကျန့်​ကော..."

"​ဟေ..."

Yibo ကကယ်​ရီယာဖင်​ကိုလက်​နဲ့ပုတ်​ပြသည်​။

Don't Bring My Brother Away  (Completed)Where stories live. Discover now