Episode-(17) Z+U

10.6K 1.6K 144
                                    

Zawgyi Version

assembly ခန်းမကြီးထဲမှာကျောင်းသားတွေအတန်းလိုက်...။

အားနာမှုနဲ့လေးစားမှုနှစ်ခုကြောင့်သာလျှင်ဘာအသံမှမထွက်ပဲတစ်နာရီစာလောက်ကိုကြိတ်မှိတ်ပြီးသည်းခံနေတာ။

နားလဲမခံသာ၊‌ထိုင်နေရတဲ့ဖင်လဲမခံသာ။

ကျောင်းနှစ်ကျောင်းလုံးကဆရာတွေ၊ဆရာမတွေတစ်ယောက်ပြီးတစ်ယောက်တက်ပြီးတော့ဆုံးမစကားနဲ့ဩဝါဒစကားတွေ‌ပြော‌နေဝာမပြီးနိုင်၊မဆုံးနိုင်။

"ဆရာတို့ကျောင်းကြီးက နှစ်တိုင်းမြို့နယ်အဆင့်(5)မှာ ဗိုလ်ဆွဲခဲ့သလို ဝမ်းသာစရာ‌အနေနဲ့ ဒီနှစ်တစ်ဆင့်တက်ပြီး အဆင့်(4)ဖြစ်သွားကြောင်းကြေညာရင်းနဲ့ပဲ အဆုံးသတ်လိုက်ပါတော့မယ်..."

ကျောင်းအုပ်ကြီးကမိုက်ကိုချပြီးသူ့နေရာသူပြန်ထိုင်လေသည်။

ကျောင်းသားတွေအားလုံးစိတ်ထဲမှာလှုပ်လှုပ်ရွရွ
ဖြစ်နေပြီ။

ဒီအချိန်လေးကိုတစ်နှစ်ပတ်လုံးစောင့်မျှော်လာတာလေ...။

"အခုချိန်ကစပြီး ကျွန်တော်တို့ကျောင်းတော်ကြီး
နှစ်ခုရဲ့ နှစ်စဉ်နှစ်တိုင်းကျင်းပလေ့ရှိတဲ့
ရေကစားပွဲစတင်ပါပြီ!!!"

ကျောင်းသားရေးရာရဲ့စကားလဲဆုံးရောထိုင်နေတဲ့သူတွေအားလုံးဟေးခနဲအော်ကာအပြင်ကို
ပြေးထွက်‌လေတော့သည်။

တခြားကျောင်းတွေတော့မပြောတတ်ပေမယ့်သူတို့ကျောင်းနှစ်‌ကျောင်းကတော့ဒီလိုကစားပွဲလေးရှိတယ်။

Zu er တို့ကစာမေးပွဲပြီးသွားပြီဆိုတော့အပြည့် အဝပျော်နိုင်ပေမယ့်နောက်ဆုံးနှစ်သမားကြီး
Xiao Zhan ကတော့ Gao Kao ဆိုတဲ့တက္ကသိုလ်ဝင်စာမေးပွဲကျန်သေးတယ်။

အပြင်ရောက်တာနဲ့ကိုရေတွေအုံလိုက်ကျင်းလိုက်
အပက်ခံရတာ...။

တစ်ချို့တွေကျတော့လဲပူဖောင်းထဲရေတွေထည့်ပြီးဖြည့်နေကြသည်။

သူတို့ကျောင်းသူ‌၊ကျောင်းသားတွေကစည်းကမ်းတော့ရှိကြတယ်။ဘယ်တော့မှရေပူဖောင်းတွေ၊ရေပြွတ်တွေကိုမျက်နှာတည့်တည့်ချိန်ပြီးမပစ်။

Don't Bring My Brother Away  (Completed)Where stories live. Discover now