Episode-(3) Z+U

14.4K 1.7K 83
                                    

Zawgyi Version

ရုပ်​ရှင်​တစ်​ခုမှာယွမ်​(70)၊ယွမ်​(80)နဲ့​ငှားထားတဲ့ ဖြတ်​လျှောက်​တွေရဲ့ခံစားချက်​မျိုးကိုသင်​တို့ခံ
စားဖူးပါသလား။

မခံစားဖူးဘူးဆိုရင်​ရထား​ပေါ်မှာငူငူ​ငေါင်​ငေါင်
နဲ့ထိုင်​နေသည့်​ Zu er ကိုသွား​မေးကြည့်​ပါ။သေ
ချာ​ပေါက်​ပြောပြပါလိမ့်​မယ်​။

ဟုတ်​ပါတယ်​...။

ဇာတ်​ပို့၊ဇာတ်​ရန်​အဆင့်​မှာ​တောင်​မရှိသည့်​ဖြတ်​လျှောက်​အဆင့်​ပါ။ဘေးနားမှာယှဉ်​ရပ်​နေသည့်​အဓိကဇာတ်​ဆောင်​မင်းသားနှစ်​ယောက်​နှင့်ယှဉ်လျှင်သူမအဖြစ်ကဖြတ်လျှောက်သာသာရယ်ပါ။

ဘယ်​အချိန်​ကစပြီးဖြတ်​လျှောက်​ရာထူးရသွား တာလဲဆိုရင်​လွန်​ခဲ့တဲ့(15)မိနစ်​ကိုပြန်​သွားရလိမ့်
မယ်​။သက်​တံ့​ကွေး​ကွေးကြီးကိုကြည့်​ပြီးအ​ရှေ့
ပြန်​လှည့်​လိုက်​တဲ့အချိန်​၊​ကောရဲ့​ကျောင်းသား
သစ်​နာမည်​ကို​မေးလိုက်​တဲ့အချိန်​ပေါ့။

မျက်​နှာချင်းဆိုင်​တည့်​တည့်​က​နေ​လျှောက်​လာ
သည့်​ Yibo ရယ်​။

အမှန်​ဆိုရထားဘူတာ​ကဟိုဘက်​မှာဟာကိုသူကဘာလို့ဆန့်ကျင်ဘက်ကြီးပြန်လျှောက်လာတာလဲ။ဘူတာနဲ့မပြန်​ပဲဘတ်​စ်​နဲ့ပြန်​မယ်​ဆိုလဲ
မှတ်တိုင်ကဟိုဘက်ထိပ်မှာ။

တဖြည်းဖြည်းနဲ့နီးလာ​လေ Yibo စိုက်​ကြည့်​နေ
တာက Zu er တို့ဘက်​ကိုမှန်းပိုပြီးထင်​ရှားလာ​လေပဲ။

မဟုတ်​သေးဘူး​လေ...။

တွေ့တာမှတစ်​နေ့နဲ့တစ်​ပိုင်း​တောင်​မပြည့်​သေး တာဟာကို...။

ဘယ်​လိုဖြစ်​တာလဲ။ငါ​လေးခံနိုင်​ရည်​မရှိ​ဘူး
နော်​။

ပိုနီးလာ​လေ Zu er ရင်​ထဲပိုပြီးဖိုးသိုးဖတ်​သပ်​တြွေဖစ်​လာ​လေပဲ။

ဘေးနားမှာပါလာတဲ့​ကောက​တော့အ​ဝေးမှုန်​မို့လို့မျက်​မှန်​မတပ်​ထား၍အ​ရှေ့မှ​လျှောက်​လာသည့်​သူကိုသိပ်​မြင်​ရပုံမ​ပေါ်။

ဟုတ်​ပြီ...။

လုံးဝမျက်နှာချင်းဆိုင်ဖြစ်ပြီ...။

Don't Bring My Brother Away  (Completed)Where stories live. Discover now