Episode 1 (U)

9.4K 715 16
                                    

Tomonoura,Heroshima ။

ကမ္ဘာစစ်.. ။

စကားလုံးလေး သုံးလုံးတည်း.. ။ ဒါပေမယ့် မကြုံဖူးမချင်း သူ့ရဲ့ အဓိပ္ပါယ်ကို ပြည့်ပြည့်ဝဝ နားလည်နိုင်မှာ မဟုတ်ဘူး ။ ယမ်းနံ့တွေ၊ နားကွဲမတတ် ပေါက်ကွဲသံတွေ၊ သွေးအလိမ်းလိမ်းနဲ့ အလဲလဲ အကွဲကွဲ ခန္ဓာကြွေခဲ့ရတဲ့လူတွေ..

စာအုပ်ထဲက ကြုံတွေ့မှုတွေဆိုတာ အလကား..
တကယ် ကြုံရမှ ဘယ်လောက်ကြောက်စရာ ကောင်းတယ်ဆိုတာ ခန့်မှန်းနိုင်မှာမျိုး.. ။

ဒီအထိ ရောက်မလာသေးပေမယ့် တစ်ယောက်ယောက်က လောင်စာထည့်လိုက်တာနဲ့ ချက်ချင်းထတောက်လာတော့မယ့် မီးလို စစ်က အရှိန်ရနေခဲ့ပြီ..

ယမ်းနံ့တွေ၊ တိုက်လေယာဉ်ဆိုတာတွေကို နားခါး‌နေတဲ့ ရှောင်းကျန့်ကတော့ အေးအေးသက်သာပဲ ။ စာကြည့်မျက်မှန်ကို တစ်ပတ်လှည့်ရင်း စာရေးစားပွဲကနေ ပြတင်းပေါက်အပြင်ဘက်ကို ပျင်းရိပျင်းတွဲ ငေးလို့..

ဂျပန်တွေက စိတ်ညစ်ဖို့ ကောင်းတယ်။ အဲ့လိုပဲ ဒီရွာကလည်း ထပ်တူ စိတ်ညစ်စရာ ကောင်းတယ်။

အစက မြို့ပေါ်မှာ နေရာကနေ.. ဖေဖေ့ရဲ့ ဧရာမ အလုပ်ကြောင့် ဒီကို ပြောင်းလာရတဲ့အခါ ဒီအီလည်လည် ဇာတ်လမ်းကြီး စတော့တာပဲ..

ဘာတဲ့.. ။ တံငါရွာ..?
စိတ်ညစ်စရာ ကောင်းလိုက်တာ ။ ဘယ်သူတွေကများ တစ်ချိန်လုံး အဲ့ဒီငါးညီနံ့တွေနဲ့ နေနိုင်တာလဲ..

သူဖြင့် ရွံလွန်းလို့.. ။ အမေရိကန် ဖြစ်နေတာနဲ့ ဆိုင်မလားတော့ မသိ.. ။

ဆိုင်ဆိုင် မဆိုင်ဆိုင်ပါ.. ။ အမေရိကန် အစစ်မဟုတ်တဲ့ ရှောင်းကျန့်က ငါးညီနံ့ကိုတော့ ရွံတတ်သေးတယ်။ မဟုတ်ဆို သူ့ကို ကလေးမရနိုင်တဲ့ မေမေတို့က အိမ်ရှေ့ကနေ ကောက်ယူ မွေးစားခဲ့တာ..

' ရှောင်းကျန့် ' ဆိုတဲ့ နာမည် ကဒ်ကလေးနဲ့ ။
Sean Xiao လို့ နာမည်ပြောင်းပေးခဲ့တာ
ဆိုပေမယ့် သူကတော့ ရှောင်းကျန့်ဆိုတာကို ပိုသဘောကျတယ်..

ဒီတိုင်း.. ခေါ်လို့ ကောင်းလို့.. ။

ရှောင်းကျန့် တစ်ချက်သမ်းဝေလိုက်တယ်..

You are my Hiroshima [一战]Tempat cerita menjadi hidup. Temukan sekarang