Episode 5 (U)

3.5K 551 12
                                    

အိမ်တွင်းအောင်းပြီး အပျင်းတစ်နေရတဲ့ ရှောင်းကျန့်အတွက် အခုဆို အလုပ်အသစ် တစ်ခု ရလာပြီ ..

အဲ့ဒါက ယိပေါ်နဲ့ တူတူ ပစ္စည်းတွေ တူတူ ကူပို့ပေးတာပဲ ။

'တစ်ဝက်ကို ငါယူမှာ' ဆိုတဲ့ စကားကိုတော့ တကယ် အကောင်အထည် မဖော်ဖြစ်ခဲ့ပါဘူး ။

ဒီကောင်လေးသေးသေးလေး ဆီက အနိုင်ကျင့်ရတာမျိုးကို သူက စိတ်မဝင်စားဘူး ။

သူက ပစ္စည်းတွေ ကူပို့ပေးတယ်။ ယိပေါ် သွားသမျှ လျှောက်လိုက်တယ် ။ ဒီလောက်ပဲ ..

~

" ကျောင်းဖွင့်ရင် မင်း ဒါတွေ လုပ်ချိန်ဘယ်ရတော့မလဲ "

" ဘယ်က ကျောင်းလဲ
ကျွန်တော် ကျောင်းထွက်ထားတာ မနှစ်ကတည်းက "

" ဟင် ဘာလို့လဲ "

" မသိဘူး စာသင်ရတာ ကျွန်တော်နဲ့ မကိုက်သလိုပဲ "

" .... "

" ဒီဘက်တိုး .. ဟိုမှာ သုံးဘီး လာတယ် "

ဟင်းခတ်အမွှေးအကြိုင် ပစ္စည်း အနံ့တွေ၊ စက်ချုပ်ဆိုင်တွေ၊ သုံးဘီးတွေ ရှုပ်ယှက်ခတ်နေတဲ့ ဈေးလမ်း ဝန်းကျင်က သူတို့ စကားများရာ နေရာ ..

အငြိမ်မနေနိုင်တဲ့ ရှောင်းကျန့်က လမ်းလျှောက်ရင်းနဲ့လည်း စကားတတွတ်တွတ် ပြောနေတာပဲ။

" အဲ့တော့ မင်းက ကျောင်းမတက်ပဲ ဘာလုပ်မှာလဲ "

" ခင်ဗျားကရော
ခင်ဗျားလည်း ကျောင်းမတက်ဘူးမလား "

" ငါက ဖေဖေ့အလုပ်ပြီးလို့ ဟိုကို ပြန်ရင် လေတပ်ထဲ ဝင်ရမှာ "

" လေတပ် ? "

‌သူထင်တာမမှားရင် ယိပေါ်ရဲ့ မျက်လုံးတွေ တလက်လက်တောက်သွားသလိုပဲ..

" အင်း ဟုတ်တယ်. စိတ်ပျက်စရာကောင်းတဲ့ လူသတ်ကွင်းကြီးလေ "

" ဘာလို့လဲ ခင်ဗျားက မဝင်ချင်ဘူးလား "

" ဟင့်အင်း. လူတွေ တစ်ယောက်နဲ့ တစ်ယောက် ပစ်နေရတာကို စိတ်ဝင်စားစရာ ကောင်းတယ်လို့ မင်းက ထင်လို့လား "

ယိပေါ်က သူ့ကို တစ်ချက် ကြည့်လာတယ် ..

" ကျွန်တော်လည်း ပစ်နေရတာကို မကြိုက်ပါဘူး
ဒါပေမယ့် ကျွန်တော်က အဲ့ဒီ့ တိုက်လေယာဉ်တွေ မောင်းချင်တာ "

You are my Hiroshima [一战]Where stories live. Discover now