Episode 3 (U)

4.3K 606 15
                                    

" လမ်းထိပ်မှာ ဆိုင်းဘုတ်အနီ ရှိတယ်ဆိုတော့ ကမ်းနား ဘယ်ဘက်အခြမ်း မလား "

" မဟုတ်ဘူးလေ ဒီဘက် ဒီဘက် ..
ဆိုင်းဘုတ်က အနီပဲ သံလား ဘာနဲ့လဲ မသိဘူးလုပ်ထားတာ "

" အဲ့ဘက်ဆိုတော့ ဘယ်ဘက်အခြမ်းပဲလေ..
အနီရောင်တိုင် ထောင်ထားတာလည်း အဲ့တစ်လမ်းပဲ ရှိတာ .. "

" အော်.. မသိဘူးလေ "

" ကြောင်တောင်တောင်နဲ့ "

စိတ်မရှည်တဲ့လေသံကြောင့် သူကုပ်သွားရတယ်။
သူ့ကို အိမ်ပြန်ပို့ပေးနေလို့သာပေါ့ ..
မဟုတ်ရင် တစ်ခုခု လုပ်လိုက်ပြီ ..

တကယ်တော့ အခုနေ ဒီကောင်လေးကို ရှာတွေ့တာ ကံကောင်းမှု အကြီးကြီးပဲ ။

ဒီလမ်းတွေက မသန့်ဘူး..
မှောင်တဲ့အပြင် ဗွက်တွေနဲ့ ..
ညစ်ပတ်နေတာပဲ ။

လမ်းချိုးတွေကလည်း အများကြီး ။

လေကတော့ ဖြေးဖြေးအေးအေး တိုက်နေတုန်းပဲ..

ဘေးက တိတ်ဆိတ်နေတဲ့ ကောင်လေးကို ရှောင်းကျန့်.. မသိမသာ စောင်းကြည့်လိုက်တယ်။

ဖြူဥနေတဲ့ အသားအရေပေါ်မှာ ချေးကွက်လေးတွေနဲ့..
တကယ်တော့ ချေးကွက်မဟုတ်ဘူး ။
ဘယ်လို ပြောရမလဲ..

ရေချိုးရုံနဲ့ ပြောင်သွားမယ့် ခပ်ညစ်ညစ် အကွက်လေးတွေ..

မျက်လုံးစူးစူးနဲ့..
နှုတ်ခမ်းတွေက ခပ်တင်းတင်း..

ဒီအရပ်ပုပု ကောင်လေးက သေချာပေါက် သူ့ထက်ငယ်မှာပဲ ။

ရှောင်းကျန့်က အခုမှ တစ်ခုခုကို သတိရသွားသလိုနဲ့ ..

" မင်း နာမည် ဘယ်လိုခေါ်လဲ မပြောရသေးဘူးနော်..
ငါက Sean Xiao.. "

သူ လှမ်းလိုက်တဲ့ လက်ကို ဂရုမစိုက်ပဲ..

" ဝမ်ယိပေါ် .. "

" ဘာရယ် ? "

" ဝမ်ယိပေါ်လို့ .. ကျွန်တော့်မှာ အဲ့ဒီနာမည် တစ်မျိုးပဲ ရှိတယ် ထပ်မမေးနဲ့ "

မမေးနဲ့ဆိုရင် ပိုသိချင်လာတာက လူတွေရဲ့ အလုပ်။

အဲ့ဒီတော့ ရှောင်းကျန့်ရဲ့ သိချင်စိတ်တွေဟာ တတိတိတက်လာတယ် ..

You are my Hiroshima [一战]Where stories live. Discover now