Final Episode (U)

6.9K 525 36
                                    

(Suggest song - Dear You
Male version ကို suggest ပေမယ့် lyrics မပါတာမို့ lyrics အတွက် နောက် ver တစ်ခုပါ ထပ်ထည့်လိုက်ရပါတယ် )

" ၁၉၄၅ ဩဂုတ် () ရက်တွင် အမေရိကန် လေတပ်သည် ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့ပေါ်သို့ အနုမြူဗုံးတစ်လုံး ကြဲချခဲ့သည် "
ဆိုတဲ့ ပြဌာန်းစာအုပ် ပုံနှိပ်စကားလုံးတွေအောက်မှာ ဒီဇာတ်လမ်း တစ်ပုဒ်လုံး နစ်မြုပ်တည်ရှိနေခဲ့ရပါတယ် .. ။

_________________

ပြန်ခါနီးမှာ တိတ်တိတ်လေးတွေးခဲ့မိတဲ့ အချိန်ကြာရင် မေ့သွားလိမ့်မယ် ဆိုတဲ့အတွေးဟာ ရှောင်းကျန့်အပေါ် တကယ် သက်ရောက်ခဲ့ပုံမရဘူး ။ ဒီလောက် နှစ်တွေကြာနေတာတောင် အဲ့ဒီကောင်လေးရဲ့ မျက်လုံးစူးစူးတွေက အာရုံထဲမှာ အခုထိ လတ်ဆတ်နေခဲ့တုန်းပဲ .. ။

ဒီကြားထဲမှာ ဘယ်ကဘယ်လိုရအောင် ပို့မှန်းမသိတဲ့ ယိပေါ်ဆီက စာနှစ်စောင်ရောက်တယ်. ပထမတစ်စောင်က သူ အဆင်ပြေတဲ့အကြောင်း ၊ ရှောင်းကျန့်ရော လုံလုံခြုံခြုံ ရှိရဲ့လား ဆိုတဲ့ အကြောင်း ... ။
နောက်တစ်စောင်ကတော့ ပြန်စာမလာလို့ စိတ်ပူနေတဲ့အကြောင်း ... ။
အပျော်လွန်နေတဲ့ ရှောင်းကျန့်က ချက်ချင်းပဲ စာကြည့်စားပွဲဆီ ပြေးပြီး စာတစ်စောင်ထိုင်ရေးတယ်.

ပြီးတော့ ထုံးစံအတိုင်း တတိယမြောက် အံဆွဲထဲပစ်ထည့်ပြီး သော့ခတ်လိုက်တယ်

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ပြီးတော့ ထုံးစံအတိုင်း တတိယမြောက် အံဆွဲထဲပစ်ထည့်ပြီး သော့ခတ်လိုက်တယ် ..

အဲ့ဒီ အံဆွဲထဲမှာ အခုဆို စာတွေက အထပ်လိုက် ဖြစ်နေခဲ့ပြီ ။ ဒါပေမယ့် သူက အခုထိ ဘယ်လိုပို့ရမှန်း မသိသေးဘူး ..
သေချာတာကတော့ ဒီစစ်ပြီးမှပဲ သူပို့ဖြစ်တော့မယ် ထင်တယ် ..
အဲ့ဒီ အထပ်လိုက်ကို အလှည့်ကျ ခွဲပြီးတော့လေ .. ။

You are my Hiroshima [一战]Where stories live. Discover now