Episode 7 (U)

3.4K 579 20
                                    

တကယ်ဆို ရှောင်းကျန့် အစောကြီးတည်းက သိလိုက်ရမှာ ။ အစောကြီးတည်းက ယိပေါ်ကို မခေါ်ခဲ့ရမှာ ။ အခုတော့ သူတို့ နှစ်ယောက်လုံးအတွက် မကောင်း .. ။

ဇွန်းသံ ခက်ရင်းသံတွေ ကြားက နှုတ်ဆိတ်နေတဲ့ ယိပေါ်ကို ရှောင်းကျန့် မသိမသာ ခိုးကြည့်မိတယ် ...

ယိပေါ်က ဘာမှမပြောပေမယ့် သူတော်တော် အားနာနေပြီ ။
ယိပေါ် ဦးလေးနဲ့ အဖိုးက သူအိမ်လိုက်လည်တိုင်း ရှောင်းကျန့်လေး ရှောင်းကျန့်လေးနဲ့ ညစာစားပြီးမှ အတင်းပြန်လွှတ်တတ်လို့ သူကလည်း ယိပေါ်ကို အိမ်မှာ ညစာစားဖို့ ဖိတ်လိုက်တာ ..

ဖေဖေ ပြန်ရောက်တုန်းလေး ဆိုပြီး .. ။

သူ့အဖေဟာ ဘယ်လိုလူမျိုးလဲ ဆိုတာ ရှောင်းကျန့် မေ့သွားခဲ့ပုံ ရပါတယ် .. ။

အခုတော့ ဖေဖေက သူ့အလုပ်တွေကို ထမင်းဝိုင်းမှာ ပြောပြသလိုနဲ့ သာသာနဲ့ နာနာနှက်နေတော့တာ ။

" .. အဲ့ဒီ ဗိုလ်လေ ..
ဒီလောက်တားရက်နဲ့တောင် အဲ့ဒီ့ ဂျပန်မနဲ့ လက်ထပ်သွားတာ အခု တပ်က သူ့ကို ထုတ်လိုက်တယ် "

မြို့ပေါ်မှာ တကယ် ဖြစ်နေခဲ့တဲ့ အကြောင်းအရာတွေ .. ။

အမေရိကန်တပ်ဗိုလ်တွေဟာ ဂျပန်မလေးတွေကို အပျော်တမ်း တွဲကြပေမယ့် တချို့တွေက တကယ် လက်ထပ်ယူလိုက်တဲ့အခါ အယူသီးတဲ့ အမေရိကန်တွေက သောင်းကျန်းကြတော့တာပဲ ။

ဂျပန်မလေးတွေက ရုပ်ဆိုးတာတော့ ဟုတ်ပေမယ့် တချို့ လှတဲ့လူတွေလည်း ရှိပါတယ်..

ဒါပေမယ့် အမေရိကန်တွေကတော့ လှလှ မလှလှ အဆင့်မတူဘူး ဆိုပြီး သတ်မှတ်ထားတော့တာပဲ ။

အဲ့ဒါကိုပဲ ဖေဖေက ကြီးမြတ်သလို ပြောနေတာကြောင့် သူ မျက်နှာတွေ ပူလှပြီ ။
ဒီလိုမှန်းသိရင် ယိပေါ်ကို ညစာစားဖို့ ခေါ်မလာခဲ့ပါဘူး ။

ကြည့်နေရင်းနဲ့ပဲ ယိပေါ်က စားလက်စကို လက်စသတ်တယ် ..

" ကျွန်တော်ပြန်တော့မယ် ရှောင်းကျန့်
ဦးလေးနဲ့ အဒေါ် .. ကျွန်တော့်ကို ခွင့်ပြုပါဦး "

" ယိပေါ် .. ငါလိုက်ပို့မယ်လေ "

" ရတယ် ကျွန်တော့်ဘာသာပဲ ပြန်လိုက်မယ် "

You are my Hiroshima [一战]Where stories live. Discover now