Episode 4 (U)

4.1K 563 27
                                    

" ဆိုတော့ .. အဲ့ဒါက Takao ပေါ့ .. "

" ဟုတ်တယ်. ဒါပေမယ့် ဝမ်ယိပေါ်ပဲ ကောင်းတယ် "

Wang Yibo .. ။
Takao.. ။

သူ သံယောင် လိုက်ကြည့်လိုက်တယ် ..

တကယ်ပဲ ဝမ်ယိပေါ် ဆိုတာက ပိုခေါ်လို့ ကောင်းတယ် ..

သူ့ကို လာရှာလို့ ရတယ် ဆိုတဲ့ ကောင်လေးက စကားအတိုင်းပဲ ကမ်းနားမှာ ရှိနေခဲ့ပါတယ် ။

သူကလည်း ပျင်းလို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ သွားရှာဖြစ်ခဲ့တယ် ..

အခုတော့ နှစ်ယောက်လုံးရဲ့ ခြေထောက်တွေက သဲထဲမှာ ..

ဒါက အပန်း‌ဖြေစရာ ကမ်းခြေ မဟုတ်‌လို့ ကမ်းနဲ့ မလှမ်းမကမ်း သဲပုံပေါ် တက်ထိုင်နေကြတာ ..

နောက်ပြီး ကမ်းစပ်မှာက စက်လှေတွေ၊ ကုန်အတင်အချနဲ့ အလုပ်ရှုပ်နေကြတာမို့..
သူတို့သွားထိုင်ရင် ဆဲခံရမှာ အသေအချာပဲ ..

" ..မင်းက မနေ့က ဟိုဘက်ကို ဘာလာလုပ်တာလဲ "

" ပစ္စည်း လာပို့တာပါဆို .. "

စကားကို နှစ်ခါ မပြောချင်တဲ့ ဝမ်ယိပေါ်က နေရောင်စူးစူးကြောင့် မျက်မှောင်ကြီး ကုပ်လို့..

ကိုယ်ပေါ်မှာ ချေးကွက်လေးတွေ မရှိတော့ပေမယ့် အင်္ကျီအဖြူလေးကတော့ မသိမသာ ညစ်ပတ်နေတုန်းပဲ..

လေအဝေ့မှာ သူ့ဆံပင်တွေက တလွင့်လွင့်..

" မင်းမှာ အလုပ်က ဘယ်နှမျိုးတောင် ရှိနေတာလဲ
ဟိုးတစ်နေ့ကကျ ပိုက်ကွန်လှမ်းနေတာ ငါးဖမ်းမလို့ မလား "

" ပိုက်ကွန်က အဘိုးဟာပါ..
ကျွန်တော်က ဈေးထဲက ဆိုင်တွေမှာ တင်ဖို့ ပစ္စည်းလိုက်ပို့တာ .. "

" ဘယ်က ပစ္စည်းလဲ "

" ဒီလှေတွေက ပါလာတဲ့ ပစ္စည်းပေါ့ ..
အဲ့ဒါကို ကုန်စုံဆိုင်တွေကို ပို့ပေးရတာ
တုံးလိုက်တာ ခင်ဗျားကလည်း "

" ပိုက်ဆံရလား "

" ပိုက်ဆံရလို့ လုပ်နေတာပေါ့
ဘယ်သူက အလကား အပင်ပန်းခံမှာလဲ "

" မင်းကလည်း စွတ်ဟောက်နေတော့တာပဲ ..
ငါက မသိလို့ကို "

" ခင်ဗျားမေးတာတွေကိုလည်း ကြည့်ဦးလေ
လမ်းဘေးက ကလေး ခေါ်မေးရင်တောင် သိမယ့်ဟာတွေကို .. "

You are my Hiroshima [一战]Nơi câu chuyện tồn tại. Hãy khám phá bây giờ