Episode 6 (U)

3.3K 525 16
                                    

" ဘာတွေဖတ်နေတာလဲ "

" ထျန်းနာ့ ! "

ယိပေါ်ရဲ့ လန့်ဖျတ်ပြီး လက်ထဲက သတင်းစာပြုတ်ကျသွားပုံကြောင့် သူ ရယ်လိုက်တယ်.

" အသံမပေး ဘာမပေးနဲ့ ဘာလာလုပ်တာလဲ "

သုံးရက်တောင် မတွေ့ရပေမယ့် ဝမ်ယိပေါ်ရဲ့ မျက်နှာပေးကတော့ စူပုတ်ပုတ်ပါပဲ ..

ကောက်ရိုးပုံပေါ်က ယိပေါ်ဘေးကို စွေ့ခနဲ တက်ထိုင်လိုက်တယ် ။ ယိပေါ်ရဲ့ ဆံပင်တွေက ခပ်ဖွာဖွာ ...

" သုံးရက်တောင် မတွေ့ရတာလေ ငါ့ကို သတိရမနေဘူးလား "

" ပေါက်ကရပြောပြီ
ကျွန်တော်က ရက်တောင် ရေထားမိတာမဟုတ်ဘူး..
ခင်ဗျားပဲ အားအားယားယား "

သူ တဟားဟား အော်ရယ်ရင်း ရင်ဘတ်ထဲက နည်းနည်းအောင့်သွားတာကို ဖုံးလိုက်တယ်
သူက ခြေထောက်ဒဏ်ရာကြောင့် အိမ်တွင်းအောင်းနေရတဲ့ ရက်တွေမှာ ဝမ်ယိပေါ်ကို တွေ့ချင်တာ ရွစိပိုးထိုးနေတာပဲ ။

သောက်ကလေးကတော့ သူ့အိမ်ဘက် ခြေဦးတောင် မလှည့်ခဲ့ ။

" ခင်ဗျား ခြေထောက်က သက်သာပြီလား
မကျက်သေးပဲ လျှောက်သွားနေရင် ပိုးဝင်မယ်နော် "

" အင်း သက်သာနေပါပြီ အဲ့ဒါမို့လို့ ဒီနေ့ မင်းကို ကူပို့ပေးမလို့ ထွက်လာတာလေ "

ပတ်တီးစည်းထားတဲ့ ခြေထောက်ကို သာသာဖိထားတဲ့ သူ့လက်တွေပေါ် ယိပေါ် အကြည့်က ကျလာတယ် ။

တကယ်တော့ သူ့ဒဏ်ရာက အရှင်းမပျောက်သေးဘူး ။ ဒါပေမယ့် သူက ယိပေါ်အနားပဲ ပက်ကျိလို ကပ်နေချင်တော့တာ ။ ဘာလို့မှန်းမသိပေမယ့် ဒီကောင်လေး အနားမှာဆို သက်တောင့်သက်သာ သိပ်ရှိတာပဲ ။

ယိပေါ်က သူ့ဆီက အကြည့်လွှဲပြီး ..

" ကျွန်တော်က ဒီနေ့နားတယ် "

" ဘာလို့လဲ စက်လှေတွေနားတာလား ဒီနေ့ "

" မဟုတ်ပါဘူး ကျွန်တော့်ဘာသာ နားတာ ..
အမှန်တော့ နားနေတာ သုံးရက်ရှိပြီ "

အော် ..

ဟင် ... ။

သုံးရက် .. ?
ဒါဆို သူမလာတဲ့ရက်က စပြီး နားနေတာပေါ့ ?

You are my Hiroshima [一战]Waar verhalen tot leven komen. Ontdek het nu