Episode 9 (U)

3.9K 507 24
                                    

(Suggest song - Sayonara Daiskina Hito)

၁၉၄၀ ဇူလိုင် ၂၇
၁၇:၀၀

ကောင်းကင်မှာ ကြယ်ရောင်စုံတယ်
ထုံးစံအတိုင်းပဲ လရောင်က လင်းတယ်

သူတို့ နှစ်ယောက်ရဲ့ ကောင်းကင်ကတော့ နွေရာသီဖြစ်ရက် နဲ့ပဲ မှိုင်းညို့နေခဲ့ရပါတယ် ။

" ဘာလို့ လာမနှုတ်ဆက်တာလဲ
ဒီနေ့ ပြန်ရတော့မှာ သိရက်သားနဲ့ .. "

ယိပေါ်က တစ်ခုခုကို ခဏခဏ မြိုချနေတာကြောင့်
သူ့လည်စလုပ်ဟာ လှုပ်ရှားနေတယ် .
မျက်ရည်တွေလား တံတွေးလား .. တစ်ခုခုပေါ့ .. ။
ရှောင်းကျန့်မျက်လုံးထဲမှာတော့ မျက်ရည်စတွေက အစီအရီ သီဝေ့နေခဲ့ပြီ .. ။

ရက်သုံးဆယ်ရှိတဲ့ အချိန်တစ်လဟာ သူတို့ဆီကနေ လေပြေလိုပဲ ဖြေးဖြေးချင်း လွင့်ပြယ်သွားခဲ့တယ် .

မနက်တည်းက ယိပေါ်ကို စောင့်နေခဲ့ပေမယ့် မရောက်လာတဲ့အဆုံး သူကပဲ လိုက်လာရတော့တာပဲ ..

ယိပေါ်က ပင့်သက်တစ်ချက် ရှိုက်လိုက်တယ် .

" ကျွန်တော့်ကို ကတိပေး ..
ခင်ဗျားသဘောနဲ့ ခင်ဗျား မဟုတ်ပဲ လေတပ်ထဲ ဘယ်တော့မှ မဝင်ပါဘူးလို့ .. "

ဝမ်ယိပေါ်ဟာ သူ သွားရခါနီးမှာ အဲ့ဒီကတိကိုပဲ အထပ်ထပ် တောင်းတယ်.

ဘာပြောရမှန်း မသိဘူး ..
သူ ခေါင်းပဲငြိမ့်ပြလိုက်မိတယ် ..

" ..ခင်ဗျား ပြုံးလိုက်ရင် လှတယ်ဆိုတာ မှတ်မိလား
သဘောမကျတာတွေ လုပ်ရရင် ခင်ဗျားပျော်မှာမဟုတ်ဘူး ..
ကျွန်တော်က ပြန်တွေ့ရင် ခင်ဗျားပြုံးနေတာကိုပဲ မြင်ချင်တာ .. "

သူ မျက်ရည်တွေကျလာမှာစိုးလို့ နှုတ်ခမ်းကို အမြန်ဖိကိုက်လိုက်ရတယ် ။

ရင်းနှီးတယ်ဆိုတာက အချိန်အတိုင်းအတာတွေနဲ့ ဆိုင်ရဲ့လား ..
တစ်စုံတစ်ယောက်ကို ပျော်စေချင်တယ် ဆိုတာကရော ..
သဘောကျတာရော ..
နောက်ပြီး ...

........ ။

အဲ့ဒါဟာ အချိန်ကာလ တစ်ခုကြာမှ ဖြစ်ခွင့်ရမယ့်အရာတွေဆိုရင်တော့ သူတို့နှစ်ယောက်လုံး ရူးနေကြတာပဲ ဖြစ်ခဲ့ပါ
လိမ့်မယ် .. ။

You are my Hiroshima [一战]Where stories live. Discover now