အချေကောင်နဲ့ ညစ်ပတ်အိုး

43.9K 1.5K 81
                                    

အိမ်အပေါ်ထပ်ပြတင်းပေါက်ကနေ
ခြံထဲကို လှမ်းကြည့်မိတော့ ပွဲအတွက်ပြင်ဆင်နေကြသူတွေ။

အဲ့ဒီထဲမှာမှ မိန်းခလေးတစ်ယောက်နဲ့ ငြင်းခုံရင်းစကား
ပြောနေသောသူ။

မိန်းခလေးကလည်းအလိုမကျမျက်နှာနှင့် ရှုံ့ မဲနေတယ်။
သူကလည်း တစ်ခုခုကို အသည်းအသန်ငြင်းနေပုံ။

နောက်တော့ အဲ့ဒီမိန်းခလေးကို အဖိုးတန်ပစ္စည်းတစ်ခုခု
ပေးလိုက်တယ်နဲ့တူတယ် ။

ကောင်မလေးက ပြုံးဖြီးသွားပြီး ပျော်ရွှင်စွာနဲ့ ပြန်သွားတယ်။

လုပ်ပြန်ပြီ ဝမ်ရီပေါ်။ မင်းအဲ့လိုလုပ်ပြန်ပြီ။
ရှောင်းကျန့်မျက်နှာမဲ့လိုက်သည်။

အရာရာကိုငွေနဲ့အနိုင်ပိုင်းပြီး သူများကိုအနိုင်ကျင့်
တတ်တဲ့ မင်းကို ငါမုန်းတယ်။

----

"သား ရှောင်းကျန့်"

ဘာမှပြန်မပြောဘဲ လှည့်ကြည့်တော့
လက်ထဲမှာ မင်္ဂဆောင်ဝတ်စုံကြီးနဲ့ အိမ်အကူအဒေါ်ကြီး

"သခင်လေးက ဒါဝတ်ရမယ်တဲ့"

"ထားခဲ့"

ခြံထဲမှာ ရပ်နေတဲ့ သူ့ကိုကြည့်ပြီး
အရင်ကအကြောင်းတွေပြန်တွေးမိတယ်။

-----

သူတို့နေတဲ့ မြို့လေးရဲ့တစ်နေရာမှာ
ကလေးတွေဝိုင်းအုံပြီး အခြားကလေးတစ်ယောက်ကို
အနိုင်ကျင့်နေကြတယ်။

"ဟေး ညစ်ပတ်ကောင်...... ဝေး..ညစ်ပတ်ကောင်"

"ငါ့နာမည်ညစ်ပတ်ကောင်မဟုတ်ဘူး ရှောင်းကျန့်
ငါ့နာမည် ရှောင်းကျန့်"

ရှောင်းကျန့်က ကလေးတွေအလည်မှာထိုင်ပြီး
သူတို့ဝိုင်းလှောင်တာကိုခံနေရတယ်။

"မင်းတို့ အဲ့ညစ်ပတ်ကောင်
ပိုညစ်ပတ်ပြီး ရွံ့ရာကောင်းသွားတာကို
မြင်ချင်ကြလား"

"မြင်ချင်တယ်.."
"မြင်ချင်တယ်....."

အကုန်လုံးကတက်ညီလက်ညီနဲ့ အော်နေကြတယ်။

အနှီးကောင်လေးက ဘေးနားမှာရှိတဲ့ ဗွတ်အိုင်နားကို
ပြေးသွားပြီး လက်တွေနဲ့ဗွတ်တွေကို သယ်ယူလာတယ်။

မင်းရဲ့ အရုပ် (completed) Where stories live. Discover now