ထွက်ပြေးပြီ 6

14.2K 1.1K 22
                                    

ဝမ်ရီပေါ်ရဲ့ လက်ကိုတွဲပီး လူတွေအများကြီးရဲ့ရှေ့ကို လျှောက်လာရတဲ့ ရှောင်းကျန့်။

ဝမ်ရီပေါ်ကတော့ မိန်မိန်ကြီးပြုံးပြီး ဧသည်တွေကို ခေါင်းငြိမ့်ပြနေတယ်။ ရှောင်းကျန့်က ရီပေါ့်လက်ကိုမချိတ်ဘဲ ရှောင်ထွက်နေတာကြောင့် ဝမ်ရီပေါ်မှာ ခဏခဏလက်ကိုအတင်းဆွဲပြီး ချိတ်ခိုင်းနေရတယ်။

လိုက်ဖက်လွန်းတဲ့ သူတို့နှစ်ယောက်ကို ဦးကျင်းရယ် အဒေါ်ကြီးရယ်နဲ့ ဧသည်တွေကပြုံးပြီးကြည့်နေကြတယ်။

ခြံထဲမှာ စေ့စပ်တဲ့သတိုးသားနှစ်ယောက်အတွက် စတိတ်စင် သေးသေးလေးတစ်ခုလဲလုပ်ထားသေးတယ်။

စင်ပေါ်မှာ ရီပေါ်နဲ့ ရှောင်းကျန့်ရပ်နေကြတုန်း ရီပေါ်ကဧသည်တွေကို စကားစပြောလာတယ်။

"ကဲ ဒီပွဲလေးက ကျွန်တော်နဲ့ ရှောင်းကျန့်တို့ မကြာခင်လက်ထပ်တော့မယ် ဆိုတဲ့အကြောင်းကို ဒီက ဧသည်တွေကို
အသိပေးတဲ့အနေနဲ့ အားလုံးကိုဖိတ်ကြားလိုက်ပါတယ်နော် ကဲကျွန်တော်တို့ပွဲလေးမှာ စားစရာရှိတာကြိုက်တာစားကြပါနော် ဘာမှအားမနာကြပါနဲ့ ထပ်ပြီးလိုအပ်တာရှိရင်လဲပြောကြပါ"

ဖြောင်း...ဖြောင်း...ဖြောင်း

လက်ခုတ်တီးသံတွေ ညံပြီးထွက်လာတယ်။

ဝမ်ရီပေါ်က ရှောင်းကျန့်ကိုကြည့်တော့ နှုတ်ခမ်းကြီးကိုက်ပြီး မကျေနပ်တဲ့ရုပ်နဲ့ တစ်ဖက်ကိုလှည့်နေတယ်။ ကြည့်ရတာတော်တော်ဒေါသထွက်နေတယ်ထင်။

"ကျွန်တော်တစ်ခုလောက်တော့ပြောချင်ပါတယ် ကျွန်တော့်ရဲ့ ရှောင်းကျန့်က ကျွန်တော့်ကိုစိတ်ကောက်နေလို့ မျက်နှာလေးမကြည်မလင်ဖြစ်ပြီးစူပုတ်နေတာလေးကိုတော့
သည်းခံပေးကြပါနော် "

ဧသည်တွေကိုပြောပြီး သူ့ဖက်လှည့်ကာပြုံးရွှင်ပြနေတဲ့
ရီပေါ့်ကို ရှောင်းကျန့် နည်းနည်းလေးမှမဘောမကျ။

အမြဲတမ်းတဖက်သားကို အနိုင်ယူတယ် သူများခံစားချက်တွေကို ထည့်မတွက်ဖူး။

"ကျွန်မကတော့ လုံးဝသည်းမခံနိုင်ဘူး!!"

သူတို့နှစ်ယောက်ရဲ့ရှေ့ကထွက်လာတဲ့ မိန်းခလေးတစ်ယောက်ရဲ့အသံ။

မင်းရဲ့ အရုပ် (completed) Where stories live. Discover now