ရှောင်းကျန့် တံခါးနားကနေ ငိုသံလေးထွက်သွားတော့ဒူးထောက်လျှက်ငိုနေတဲ့ ဝမ်ရီပေါ်က လှည့်ကြည့်လာတယ်။
"ရှောင်းကျန့်! မင်းသေမယ်"
ရီပေါ်က ပြောလဲပြောပြီး သူ့ဘေးနားက တန့်နစ် ဘောလုံးကိုကောက်ကာ ရှောင်းကျန့်ကို ပစ်တယ်။
ဘယ်လိုဘဲ ရီပေါ့်ကို ခွင့်လွှတ်မယ်လို့ စဉ်းစားထားလဲ အတ္တကြီးတဲ့ ဝမ်ရီပေါ်ကို သူကြောက်နေတုန်းဘဲ။
ရီပေါ် သူ့ဆီကို လာတော့ ရှောင်းကျန့်က ထွက်ပြေးတယ်။
"ရှောင်းကျန့်! ! ရပ်လိုက်စမ်း"
ရှောင်းကျန့်က ဝမ်ရီပေါ်ကိုလှည့်တောင်မကြည့်တော့ဘဲ ကြောက်လန့်တအားပြေးတယ်။
"ငါ မင်းကို ရပ်လိုက်လို့ ပြောနေတယ်နော်"
ပြေးရင်း လွှားရင်း နဲ့ ကားလမ်းမပေါ် ရောက်လာတယ်။
"ရှောင်းကျန့် ဘယ်ကိုပြေးတာလဲ"
ချင်းအော်က လှမ်းအော်လိုက်တာ။
"နောက်မှာ သူလိုက်လာတယ်"
ရှောင်းကျန့်က ပြန်ဖြေပြီးဆက်ပြေးတယ်။
ရုတ်တရက် ချင်းအော်က နောက်ကနေလိုက်လာတဲ့ ဝမ်ရီပေါ်ကို လှမ်းဆွဲကာထိုးတယ်။
ဝမ်ရီပေါ်က နေ့စဉ်ရက်ဆက် အရက်တွေချည်းဘဲ သောက်ထားတော့ ချင်းအော်ရဲ့ ထိုးချက်တွေကို ပြန်မခုခံနိုင်ဘူး။
ဝမ်ရီပေါ် ထိုးခံထားရတာ မျက်နှာတစ်ခုလုံးလဲ စုတ်ပြတ်သတ်နေပြီ။
ရှောင်းကျန့် ပြေးနေရင်းကနေ နောက်လှည့်ကြည့်တော့ ဆက်ပြေးဖို့ အင်အားတောင် မရှိတော့သလို။
"ရှောင်းကျန့် ဘာလုပ်နေတာလဲ ပြေးလေ"
ချင်းအော်က လှမ်းအော်တော့ ရှောင်းကျန့်ဆက်ပြေးဖို့လုပ်တယ်။
ချင်းအော် ထိုးထားတဲ့ ဝမ်ရီပေါ်က မြေပြင်ပေါ်မှာ စန့်စန့်ကြီး လှဲနေရပြီ။
အသက်ကိုပြင်းပြင်းရှုပြီး မျက်လုံးများက ရှောင်းကျန့်ဆီမှာ။
ဘေးနားက တုတ်ကိုကောက်ကာ ချင်းအော်က ရိုက်ရန်ပြင်တော့...
YOU ARE READING
မင်းရဲ့ အရုပ် (completed)
Fanfictionဇာတ်ကားတစ်ခုကို yizhanအနေဖြင့် ပြန်ရေးသားခြင်း။