နောက်တစ်နေ့ကျတော့ ဝမ်ရီပေါ်က ဦးလေးကျင်းနဲ့အတူ
ရှောင်းကျန့်တို့ အိမ်ကိုရောက်လာတယ်။"ရှောင်းကျန့် အမေနဲ့တွေ့ချင်လို့ပါ"
ဦးလေးကျင်းကပြောတော့ သူတို့သားမိ အပြင်ကိုထွက်လာကြတယ်။ သူတို့သားမိက ပိုက်ဆံမရှိဘူး။
ဆင်းရဲသားရပ်ကွက်လေးတစ်ခုမှာဘဲ နေကြတာ။"ကျမကရှောင်းကျန့်အမေပါရှင် ကြွပါ"
ဝမ်ရီပေါ်နဲ့ ဦးလေးကျင်းကို နေရာထိုင်ခင်းချပေးတယ်။
"ထိုင်ကြပါ..အိမ်ကစုတ်တော့ အားနာလိုက်တာ
ဘာကိစ္စများ ရှိကြလို့ပါလဲ"ကျန့်ကျန့် အမေကမေးတော့ ဝမ်ရီပေါ်က ရှောင်းကျန့်ကို
မေးဆတ်ပြပြီး"သူ့ကိုဝယ်မလို့"
"ရီပေါ် အဲ့လိုမပြောရဘူးလေ မွေးစားချင်လို့ လို့ပြောရမယ်"
ဦးလေးကျင်းက အားနာသလိုကြည့်ကာ
"ဒီလိုပါ ခဗျာ ဝမ်ရီပေါ်က ကျနော့်သူဌေးရဲ့သားပါ
သူက ဟောဒီက ရှောင်းကျန့်လေးကို တောတော်ခင်နေရှာတာ သူနဲ့ကစားဖော်ကစားဖက်အဖြစ် ရှောင်းကျန့်လေးကို မွေးစားပေးပါဆိုလို့ အိမ်ကမွေးစားခွင့်ပေးလိုက်လို့လာပြောတပါ သူကရှောင်းကျန့်ကိုမမခေါ်မချင်း အိမ်မှာသောင်းကျန်းနေတာ ကျန့်ကျန့်လေးကို မတောင့်မတ မကြောင့်မကြရအောင် ထားမှာပါ""မေမေ မွေးစားတယ်ဆိုတာ ဘာလဲဟင်"
"အော် မွေးစားတယ်ဆိုတာ သားကိုသူတို့သားအဖြစ်
ခေါ်သွားမယ်လို့ပြောတာ""မေမေကော လိုက်မှာလားဟင်"
"သားရယ် မေမေကအသက်ကြီးနေပြီဆိုတော့
လိုက်လို့မရဘူး".."တော်ပြီ...မေမေ မလိုက်ရင် သားလဲမလိုက်ဘူး"
"ဒီမှာ ရှောင်းကျန့် မင်းငါနဲ့လိုက်ရင် ဟိုမှာတွေ့လား
အဲ့ကားအကောင်းစားကြီးကိုလဲ စီးရမယ် ဒီလိုမျိုး
တဲစုတ်တဲပျက်မှာလဲ နေရမှာမဟုတ်ဘူး
ခုလိုမျိုး ဖျာအစုတ်မှာလဲထိုင်ရမှာမဟုတ်ဖူး ဆိုဖာပေါ်မှာ
ဇိမ်နဲ့နေရမှာ ပန်းသီး ချောကလတ်ကြိုက်တာစား"
YOU ARE READING
မင်းရဲ့ အရုပ် (completed)
Fanfictionဇာတ်ကားတစ်ခုကို yizhanအနေဖြင့် ပြန်ရေးသားခြင်း။