စေ့စပ်ပွဲ 5

13.4K 1.2K 39
                                    

တီ... တီ...တီ..

ရှောင်းကျန့် အိပ်နေတုန်း ရုတ်တရက်ဆို ထမြည်လာတဲ့
Alarm သံ။ ရှောင်းကျန့် မထချင်ဘဲ ထလာရတယ်။

"အားးး ကောင်းကောင်းကိုမအိပ်ရဘူး"

ဝမ်ရီပေါ် ပြောထားတဲ့စကားတွေက နားထဲကြားနေရတယ်။

'ငါသူ့ကို ကိုယ်တိုင်မလိုက်ဘူး နေ့တိုင်းမင်းက မနက်စောစောထ သူ့ကို့ ဓာတ်ပုံတစ်ပုံစီရိုက်ထား တစ်ပတ်တိတိရိုက်ပြီးတာနဲ့ နောက်နေ့မနက် သူအိမ်ကမထွက်ခင် သူ့အိမ်ရှေ့မှာ အဲ့ဓာတ်ပုံတွေနဲ့ နှင်းဆီပန်းတစ်ပွင့်ကို
ထားခဲ့ ဓာတ်ပုံရဲ့နောက်မှာ ကိုယ့်ရင်ထဲကပုံရိပ်ရှင်သို့ လို့ရေးပြီး ဝမ်ရီပေါ်ဆိုတဲ့ ငါ့နာမည်ရေးခဲ့'

ဝမ်ရီပေါ်ပြောတဲ့အတိုင်း တစ်ခုမကျန် တစ်ပတ်တိတိသူလုပ်ပေးခဲ့ရတယ်။

"ငါရောက်ပြီ".

ဝမ်ရီပေါ် ဧည့်ခန်းမှာထိုင်နေတုန်းရောက်လာတဲ့ရှောင်းကျန့်။

"ok လေ ဒီနေ့တော့ မင်းသားထွက်ရတော့မှာပေါ့"

----

အရင်နေ့တွေက ရှောင်းကျန့်ထားနေကျ နေရာလေးမှာ
ဓာတ်ပုံနဲ့ နှင်းဆီပန်းကို ဒီနေ့တော့ ဝမ်ရီပေါ်လာထားတယ်။

"ဟိတ် နေအုံး"

ဝမ်ရီပေါ် လှည့်ထွက်ကာမှ နောက်ကထွက်လာတဲ့အသံစူးစူးလေး။

ဝမ်ရီပေါ်လှည့်ကြည့်တော့..ကောင်မလေးက

"နေ့တိုင်းလာလာပြီး ဒါတွေထားနေတာဘာသဘောလဲ"

"ရှင်းပါတယ် ယွီရန်ကိုမြတ်နိုးလို့ ဘာလဲ ကို အခုလိုလုပ်နေတာမကြိုက်လို့လား"

"မဟုတ်ပါဘူး"

ကောင်မလေးက ရှက်ပြုံးလေးနဲ့ ပြန်ပြောလာတယ်။

ဝမ်ရီပေါ်က နှင်းဆီပန်းလေးကို ကုန်းကောက်လိုက်ပြီး
ကောင်မလေးဆီကို ပေးတယ်။

"ကို့ရဲ့ မြတ်နိုးခြင်းတွေကို အသိအမှတ်ပြုရင် ဒီပန်းလေးကို လက်ခံပေးပါနော်"

ကောင်မလေးက ပြုံးပြီး ပန်းလေးကိုလက်ခံလိုက်တယ်။

-----

မင်းရဲ့ အရုပ် (completed) Where stories live. Discover now