4(z+u)

4.2K 446 14
                                    


မှောင်ရီပျိုးပျအချိန်ဖြစ်တာမို့ တံတားတစ်လျှောက်လုံးထိန်ထိန်လင်းနေသော မီးရောင်များကို လှမ်းမြင်နေရသည်...။

မဲမှောင်သော တိမ်လိပ်တို့ကြားမှ ထွက်ပေါ်နေသော မှိန်ဖျဖျလရောင်သည် ဟန်မြစ်ရဲ့ရေပြင်ပေါ်သို့ ဖြာကျနေသည်...။

ဆောင်းတွင်းဖြစ်တာမို့ အေးမြသောလေထုက ဟန်မြစ်ကမ်းတစ်လျှောက် သွဲ့သွဲ့လေးတိုက်ခက်နေသည်....။လေလာရာမြောက်ဖက်အရပ်ကို ကျောပေးထားသူရဲ့ ရင်ခွင်ထဲမှာ baekhyunတစ်ကိုယ်လုံး
သိမ်းကြုံးပြီး ပွေ့ဖက်ခြင်းခံထားရသည်...။
ပခုံးနှစ်ဖက်ကို သန်မာသောလက်မောင်းတွေနဲ့ ထိန်းချုပ်ထားပြီး လက်ဖဝါးပြင်များနဲ့ ကျောပြင်ကိုပွတ်သပ်ပေးနေပြန်သည်..။ကြီးမားကျယ်ပြန့်သော ရင်ခွင်ထဲမှာ baekhyunတစ်ကိုယ်လုံးက နစ်မြုပ်မတက်..။

"အရမ်းချမ်းနေသေးလား....ဘေဘီ"

"ဟင့်အင်း"

Baekhyun သူ့ကိုမော့ကြည့်ပြီး ခေါင်းလေးရမ်းကာ ပြောလိုက်သည်...။ baekhyunကိုငုံ့မိုး
ကြည့်နေတဲ့ သူ့မျက်လုံးဝိုင်းဝိုင်းတွေက
အတောက်ပဆုံးဆိုတဲ့ စိန်ပွင့်တွေထက်တောင်ပိုလို့တောက်ပနေခဲ့သည်...။ ရီဝေဝေသူ့အကြည့်တွေရဲ့ ဦးတည်ရာက baekhyunနှုက်ခမ်းလေးဆီသို့...။
တဖြေးဖြေးငုံ့မိုးကျလာတဲ့ မျက်နှာချောချောကိုကြည့်ရင်း လှိုက်ဖိုလာတဲ့ရင်ခုန်သံတွေကြောင့်
ခါးကိုဖက်တွယ်ထားတဲ့ လက်တွေက ပိုလို့တင်းကြပ်သွားသည်..။ အသက်ရှူထုက်လိုက်တိုင်း ထွက်ပေါ်လာတဲ့ လေငွေ့နွေးနွေးက တစ်ယောက်မျက်နှာ တစ်ယောက်ရိုက်ခက်လျက်...။

နီးသထက်နီးကပ်လာတဲ့ နီရဲရဲနှုက်ခမ်းဖူးဖူးတွေ။baekhyun မျက်လုံးတို့ကိုမှိတ်ချလိုက်သည်..။နှုက်ခမ်းသားတွေ ထပ်တူကျလာမယ့်အချိန် ရှက်ရွံ့စွာပဲ ခေါင်းကိုပြန်ငုံ့ကာ နွေးထွေးသောရင်ခွင်ကျယ်ကြီးထဲ ပြန်တိုးဝင်လိုက်သည်...။

ဒုန်းးးးးး!!!!!

"အားး!!!!!!!!"

ရင်ခွင်ထဲတိုးဝင်တာ အရှိန်ပြင်းသွားပုံရသည်...။

"အားးးး လား လား နာလိုက်တာ "

သူတိုးဝင်လိုက်တာတော့ ရင်ခွင်ထဲပဲ တိုက်မိသွားတာတော့ ကုတင်ဘေးက အခန်းနံရံနဲ့...။
အခြေနေကိုပြန်သုံးသပ်မိတော့ လူကကုတင်ပေါ်မှာ...။ညတုန်းက ကန်ချထားမိတဲ့စောင်က ကုတင်ခြေရင်းမှာ အပုံလိုက်..။စောင်လွတ်နေတဲ့ ခန္ဓာကိုယ်က နံရံနဲ့ကပ်နေတဲ့ ကုတင်အစွန်းမှာကွေးကွေးလေး...။ သူရောက်နေတာ ဟန်မြစ်ဘေးမဟုတ်ဖူးဆိုတာ တွေးလိုက်မိတော
့လူကဆက်ခနဲ ထထိုင်မိလျက်သား...။
ဒါဆို ခုနကအိမ်မက် မက်နေတာပေါ့...အတွေးထဲရောက်လာတာက တင်းကြပ်စွာထွေးပွေ့ထားတဲ့ ပုံရိပ်တွေ...။

I Want YouWhere stories live. Discover now