13(Z+U)

3K 334 13
                                    

လေချွန်သံသဲ့သဲ့လေးက အခန်းတွင်းမှာပျံ့နှံ့နေသည်...။လက်ထဲကကြက်တောင်မွှေးကို ဘယ်ညာယိမ်းလို့ ဖင်လေးလှုပ်ကာလှုပ်ကာနဲ့ တစ်အိမ်လုံးကို သန့်ရှင်းရေးလုပ်နေသူကbaekhyunပင်ဖြစ်သည်....။

တစ်လနေလို့မှ တစ်ခါမရှင်းသော သူ့တိုက်ခန်းလေးကို ဒီနေ့တော့အထူးဧည့်သည်လာမှာဖြစ်သောကြောင့် မနက်စောစောထလို့ သန့်ရှင်းရေးဝင်နေရခြင်း...။ဖုန်အလိမ်းလိမ်းတက်နေတဲ့ စားပွဲခုံကိုသေသေချာချာတိုက်ချွက်လိုက်တော့ ရေညှိစိမ်းရောင်ဖန်သားလေးက တစ်လက်
လက်တောက်ပစွာပေါ်လာတော့သည်...။
သီချင်းလေးတအေးအေးညည်းရင်း ထိုင်ခုံ၊ကြမ်းပြင်နဲ့ နံရံတွေအားလုံးကိုဖုန်ခါပြီးချိန်တွင်တော့ အချိန်အားဖြင့် 8နာရီရှိပြီဖြစ်သည်...။
စားပွဲထက်မှာ တင်ထားတဲ့တစ်ပွင့်ထဲသောနှင်းဆီဖြူလေးကတော့ မနေ့ကမှလဲထားတာဖြစ်လို့
လန်းဆန်းနေတုန်းပင်...။

"ဟူး...ပင်ပန်းလိုက်တာ."

နှစ်ယောက်ထိုင် ထိုင်ခုံပေါ်မှာခြေပစ်လက်ပစ်လှဲချလိုက်ပြီး
သက်ပြင်းမောချကာ baekhyunညည်းညူလိုက်သည်...။ရင်ဘက်ပေါ်လက်တင်လို့ မျက်စိစုံမှိက်ကာ အေးဆေးစွာအနားယူမိသည်...။
ကိုကိုသာလာမယ်ပြောမထားရင် ဘယ်ခုနှစ်မှ
ဒီအမှိုက်တွေကိုရှင်းဖြစ်မယ်သူမသိ...။
မနက်စောစောထတက်တဲ့ အကျင့်ရှိပေမယ့်
သန့်ရှင်းရေးလုပ်ရမှာ အင်မတန်ပျင်းသောသူဟာ
ရုံးမသွားခင်အချိန်ရပါရဲ့နဲ့ ဘယ်တော့မှရှင်းထားခဲ့ခြင်းမရှိပါ...။ရုံးပိတ်ရက်ရောက်ပြန်တော့လည်း ဂိမ်းလေးဆော့လိုက် အစားလေးစားလိုက် ဖင်လှည့်ခေါင်းလှည့်နဲ့ပြီးသွားတာကြောင့်
သန့်ရှင်းရေးလုပ်ဖို့ သတိပင်မရ...။

အခုလည်းရှင်းချင်လို့ ရှင်းနေတာမှမဟုတ်တာ...။ ကိုကိုလာရင်သူ့ချစ်သူလေးက ညစ်ပက်လိုက်တာဆိုပြီး
အချစ်လျော့သွားရင် ဘယ်နှယ့်လုပ်မတုန်း...။
ကိုကို ညိုညင်မှာကို တစ်စက်ကလေးမှ မလိုလားပါ...။

ပက်လက်လှဲနေရင်းမှ မျက်ဝန်းအစုံ
ကိုဖွင့်ကြည့်လိုက်တော့
ခန့်ညားလှတဲ့ ကိုကို့ပုံရိပ်တို့က နေရာအပြည့်ယူထားသည်...။
baekhyun မျက်လုံးတစ်ဖက်မှိတ်ပြလိုက်တော့ ကိုကိုကမိန့်မိန့်ကြီးပြုံးပြနေသည်...။

I Want YouWhere stories live. Discover now