9(Z+U)

3.8K 383 30
                                    


jonginက sehunကိုသူ့အနားလာခဲ့ဖို့ လက်ယက်ခေါ်နေသည်...။
တပ်ထားတဲ့မျက်မှန်အမဲကို နှာခေါင်းထိပ်
ရောက်အောင် ဆွဲချပြီးထားပြီးမျက်ဝန်းတွေက
ရှေ့တည့်တည့်စားပွဲက baekhyunဆီမှာဖြစ်သည်....။

baekhyunသည် မနက်ကတည်းကထူးဆန်းနေသည်....။
စာရွက်တွေကို တစ်ရွက်ပြီးတစ်ရွက် စုပ်ဖြဲပြီး
လုံးချေပစ်နေတဲ့baekhyunက ပတ်ဝန်းကျင်ကိုသတိမထားမိသလို သူ့စားပွဲရှေ့မှာ စက္ကူလုံးတွေတောင်လို ပုံနေပြီဆိုတာကိုလည်း သိပုံမပေါ်....။ရှေ့မှာရှိတဲ့ ရေဘူးကိုယူသောက်လိုက်
ဆံပင်တွေကိုလက်နဲ့ဆွဲဖွလိုက်နဲ့  စိက်နဲ့လူနဲ့မကပ်လို စာရွက်ကိုတွေ့ရာလျှောက်ခြစ်ပြီး စိက်ထင်တိုင်းလွှင့်ပစ်နေရအောင် စာရွက်ထုက်တဲ့ကုမ္ပဏီကို သူ့အဖေများထင်နေလားမသိ....။
တစ်မနက်လုံးစောင့်ကြည့်နေခဲ့ပြီး မနေနိုင်တဲ့အဆုံးsehunကို ခေါ်မေးရသည်...။
အနားရောက်လာတဲ့ sehunကို ရှေ့စားပွဲဆီသို့
မေးငေါ့ပြလိုက်သည်...။

"အဲ့ဒါဘာဖြစ်နေတာတဲ့လဲ.."

jonginမေးငေါ့ပြရာသို့ sehunလှမ်းကြည့်လိုက်သည်...။အမေးစကားကို တစ်ဆက်ထဲကြားလိုက်ရတာမို့ ပြုံးစိစိဖြင့်ပြန်ဖြေလိုက်သည်...။

"ခွီးးး..သောက်ရူးရောဂါထနေတာလေ..."

jonginထိုင်နေရာမှ ထရပ်လိုက်ပြီးပြောလိုက်သည်...။

"နားမလည်ဘူး ငါနားလည်အောင် သေချာရှင်း"

jonginရပ်နေရာအနားသို့ sehunလက်ပိုက်ပြီးကပ်ရပ်လိုက်သည်...။နှစ်ယောက်စလုံးရဲ့
အကြည့်တွေကတော့ baekhyunဆီမှာသာ...။

"ဒါက ဒီလိုရှိတယ်..."

မနေ့ကကားပေါ်မှာ စကားတခွန်းမှမပြောပဲပါလာတဲ့baekhyuကို နည်းနည်းလေးမှမသကာင်္...။baekhyunစရိုက်သည် ဘယ်သောအခါမှ ယခုလိုငြိမ်ငြိမ်နေမဲ့လူစားမျိုးမဟုတ်...။ပြီးတော့မျက်နှာ တစ်ပြင်လုံးလည်းနီနေသေးသည် မဟုတ်ပါလား...။ထိုအကြောင်းအရင်းကိုသိရမှဖြစ်မ်ာဆိုပြီးbaekhyunနေတဲ့ တိုက်ခန်းကိုရောက်တာနဲ့အတင်းလိုက်မေးခဲ့သည်...။
အစကတော့ baekhyunကပြန်မဖြေခဲ့...။
ဒါကိုမဖြေမချင်း မပြန်ဘူးဆိုပြီးပေကပ်နေနေတဲ့
သူ့ကြောင့် နောက်ဆုံးပြောပြလာသည်..။
သူမူးနေတုန်းသူဌေးက အိမ်ခေါ်သွားတာကနေ
အိမ်ထဲကနေထွက်လာပြီး ကားပေါ်ရောက်တဲ့အထိ အားလုံးကိုပြောပြခဲ့ခြင်းပင်...။
အဲ့ဒါများ မင်းလည်းချစ်နေတာပဲ တစ်ခါတည်းအဖြေပေးခဲ့ပါလားဆိုတော့ ဘာပြန်ပြောတယ်ထင်လဲ...
"ငါကရှက်လို့"တဲ့...။

I Want YouWhere stories live. Discover now