16(Z+U)

2.8K 299 35
                                    


အနားကပ်ပြီး တစ်ချိန်လုံးစိတ်ပူပေးတဲ့ချစ်သူလေးကြောင့် chanyeolရဲ့ကုန်ခမ်းနေတဲ့အားအင်တွေက ပူစီပေါင်းထဲလေထိုးထည့်လိုက်သလို ချက်ချင်းပင်ပြည့်ဝလာပြီထင်ရသည်...။

ကုတင်ဘေးကထိုင်ခုံပေါ်မှာ ထိုင်နေတဲ့ ချစ်သူလေးရဲ့ ဖြူဥဥလက်ချောင်းလေးတွေက နဖူးနဲ့ပါးပြင်တစ်ဝိုက် နူးညံ့စွာလာရောက်ထိတွေ့နေတဲ့အခါ chanyeolရင်ထဲက အတိုင်းမသိကြည်နူးရပြန်သည်...။

ခန္ဓာကိုယ်ကို ပက်လက်အနေထားမှ ဘေးကိုစောင်းလိုက်သည်...။

လက်ဖဝါးပြင်နုနုပေါ် ပါးပြင်လေးအပ်ကာပွက်သပ်ရင်း ချစ်သူလေးမျက်နှာကို
မျက်တောင်မခက်တမ်း စိုက်ကြည့်နေလိုက်သည်...။

စက္ကန့်30လောက်အကြည့်ချင်းဆုံပြီးနောက်
ခေါင်းငုံ့ပြီးအကြည့်လွဲသွားသည့် baekhyunပါးပြင်လေးဟာ လေအဝှေ့မှာ
ဖြတ်ပြေးသွားတဲ့ ဆာကူရာပန်းပွင့်လွှာလေးတွေလိုပင်....။

chanyeolနှုက်ခမ်းထောင့်လေးကွေးညွှက်သွားသည်...။

ပါးပြင်ပေါ်က baekhyunလက်လေးကို အပေါ်ကနေအုပ်ကိုင်လိုက်ကာ နှုက်ခမ်းပါးထက်ထိတွေ့စေပြီး အနမ်းဖွဖွပေးမိသည်...။

နှုက်ခမ်းပါးလေးဆီကနေ ဘယ်ဘက်ရင်အုံကိုထိကပ်စေတဲ့အခါ နားမလည်တဲ့မျက်ဝန်းလေးတွေနဲ့ စိုက်ကြည့်လာတဲ့ ချစ်သူလေးက စကားတစ်ခွန်းမှ ဖွင့်ဟမေးမလာခဲ့ပါ...။

"hyunငယ်..."

"အင်း..ကိုကို..."

baekhyunမျက်ဝန်းများက
chanyeolနှုက်မှ ဖွင့်ဟလာမယ့်
စကားလုံးတို့ကို မျှော်လင့်စောင့်စားလျက်...။

"ဒီနေရာက hyunငယ်ကိုပြောစရာရှိတယ်တဲ့
အနားကပ်ပြီးနားထောင်ကြည့်ပါလား...။သူဘာပြောချင်နေလည်းဆိုတာ ကိုယ်လည်းသိချင်လို့...."

baekhyunပါးပြင်လေးများမို့တက်သည်အထိ
ရီမောလိုက်သည်...။

သူ့ချစ်သူလေးရီနေတာကိုကြည့်နေတဲ့ chanyeolမျက်နှာထက်မှာ ကျေနပ်ပြုံးလေးချိတ်ဆွဲထားသည်...။

"ကိုကိုလည်း အဆန်းတွေလုပ်ပြန်ပြီ.."

"တကယ်ပြောတာ hyunငယ်ရဲ့
မယုံရင်နားထောင်ကြည့်ပါလား..."

I Want YouWhere stories live. Discover now