5(Z+U)

3.8K 405 9
                                    

ရုံးခန်းထဲက ဆိုဖာပေါ်တွင် မျက်နှာချင်းဆိုင်ထိုင်ကာ နောက်ထပ်ထုတ်မယ့် ဒီဇိုင်းသစ်အတွက် chanyeolနဲ့ jonginတို့ဆွေးနွေးနေကြသည်..။

ပြီးခဲ့နှစ်ပတ်ကပဲ တရုတ်ရုံးခွဲအသစ်ကို junmyeon hyungနဲ့အတူ ပြောင်းရွေ့သွားတဲ့jongdaeရဲ့ လစ်လပ်နေတဲ့အဖွဲ့မှူးနေရာကိုဝင်ဖို့ အထက်တန်းကတည်းကနေ တက္ကသိုလ်ပြီးတဲ့အထိ လည်ပင်းဖက်ပေါင်းလာတဲ့
သူငယ်ချင်းဖြစ်သူ jonginကိုကမ်းလှမ်းခဲ့သည်...။

အလုပ်မလုပ်ချင်လို့ဆိုပြီး သူ့အဖေဖြစ်သူရဲ့ ကုမ္ပဏီမှာတောင် ဝင်မလုပ်ပဲလွတ်လွတ်လပ်လပ်ပျော်ပါးနေတဲ့ ကိုယ်တော်ချောက chanyeol
ရဲ့ကမ်းလှမ်းချတ်ကိုတော့ မငြင်းပယ်ခဲ့...။
jonginရဲ့ဝါသနာသည်လည်း fashionပညာပေပဲမို့ မငြင်းပဲလက်ခံခဲ့တာဖြစ်မည်...။

နှစ်ယောက်သားစကားပြောနေတုန်းမှာပဲ အပြင်မှတံခါးခေါက်သံကြောင့် chanyeolဝင်ခဲ့ဖို့ပြောလိုက်သည်...။

"မင်းရဲ့မတော်ရသေးတဲ့ ရည်းစားလောင်းလေးလာပြီ"

တံခါးဖွင့်ပြီးဝင်လာတဲ့ baekhyunကိုကြည့်ုကာခါးကိုအရှေ့ကိုင်းပြီး နှစ်ယောက်ကြားယုံလေသံနဲ့ jonginကပြောသည်....။

"မတော်ရသေးတဲ့ ရည်းစားလောင်းလေးမဟုတ်ဖူး...။
မတော်ရသေးတဲ့ ယောကျာင်္းလောင်းလေး...။အခုချိန်မှာရှေ့ရေးကို ကြိုတွေးပြီးစီမံကိန်းချနေတုန်းမို့
အချိန်မတန်သေးလို့ဆိုတာ နားလည်ထား ဟေ့ရောင်..."

jonginပခုံးကိုအသာပုတ်ပြီး ပြန်ပြောလိုက်သည်...။ဟုတ်တယ်လေ ရည်းစားဆိုတာပျက်ဖို့
လွယ်တယ်...။ခဏတာချစ်ဖို့ရည်ရွယ်တာ
မဟုတ်လို့ ရည်းစားဆိုတဲ့အသုံးကိုမသုံးဖူး...။ကိုယ်ကတစ်ဘဝလုံးစာ အပိုင်သိမ်းပစ်ဖို့ ရေရှည်စီမံကိန်းဆွဲနေတာဆို​တော့
တစ်ဘဝလုံးစာချစ်ရသူဖြစ်လို့ ချစ်သူပေါ့...။
အခွင့်ရေးရတာနဲ့ ယောကျာင်္းတန်းတော်ပစ်ဖို့ စဉ်းစားထားပြီးသားပါ....။

အခန်းထဲဝင်လိုက်တာနဲ့ ခေါင်းချင်းဆိုင်ပြီး
တိုးတိုးပြောနေကြတဲ့ သူဌေးဖြစ်သူနဲ့အဖွဲ့မှူး
ကိုကြည့်ပြီး baekhyunတစ်ယောက် ရှေ့ဆက်သွားရမလား နောက်ပြန်လှည့်ရမလားမသိဖြစ်နေရသည်..။

I Want YouWhere stories live. Discover now