မနက်ခင်းရဲ့နေခြည်နွေးနွေးက မှန်ဖွင့်ထားတဲ့ပြတင်းပေါက်ကတစ်ဆင့် အခန်းတွင်းသို့ဖြာကျနေသည်...။ကုတင်ပေါ်မှာ အိပ်မောကျနေတဲ့
လူသားလေးကတော့နိုးမလာသေးပေ...။တံခါးခေါက်သံတိုးတိုးက နားထဲမကြားတချက်
ကြားတစ်ချက်နဲ့ ကြားနေရတာကြောင့် လေးလံနေတဲ့ မျက်လုံးတို့ကို အားယူပြီးဖွင့်လိုက်ရင်း တစ်ဆစ်ဆစ်နဲ့ကိုက်လာတဲ့ခေါင်းကြောင့် နားထင်ကိုလက်မနဲ့ထောက်ကာဖိလိုက်ရသည်....။ဘေးဘီကိုဝေ့ဝဲကြည့်တော့
စိမ်းသက်နေတဲ့ အခန်းအပြင်အဆင်ကြောင့် ကိုယ့်အခန်းမဟုတ်တာကို သိလိုက်သည်...။
ဒါဆိုသူ ဘယ်ကိုရောက်နေတာလဲ?....အပြင်ကတံခါးခေါက်သံက ဆက်တိုက်ထွက်ပေါ်လာပြန်တာကြောင့် baekhyunကိုယ်ပေါ်ကစောင်ကို ဆွဲဖယ်ကာတံခါးပေါက်ဆီသို့ထလာလိုက်ရသည်...။
"omma...
ဘယ်လိုလုပ်ပြီး...ရောက်?""လာ..လာ..hyunငယ် ခေါင်းတွေဘာတွေကိုက်နေသေးလား ommaပျားရည်ဖျော်လာတယ် သောက်လိုက်ဦး..."
baekhyunလက်ကိုဆွဲပြီး ommaကကုတင်ရှိရာဆွဲခေါ်သွားသည်...။
ommaဆိုတာ chanyeolရဲ့မားမားပင်...။
baekhyunကို hyunငယ်လို့ခေါ်တက်ပြီး
သူ့ရဲ့သားလေးတစ်ယောက်လိုချစ်တာမို့
သူနဲ့တွေ့တဲ့အခါတိုင်း ommaလို့ခေါ်ခိုင်းခြင်း
ဖြစ်သည်...။
ဒါဆိုသူ chanyeolတို့အိမ်ကိုရောက်နေတာ
ပေါ့...။
ညကမူးပြီး ပေါက်ကရလုပ်ခဲ့သမျှက ခေါင်းထဲတန်းစီပြီးပေါ်လာသည်...။
ညကမူးပြီးလုပ်ခဲ့သမျှ မနက်ကြရင်မေ့တက်တဲ့အထဲမှာ baekhyunမပါ...။
တဖြည်းဖြည်းပြန်ပေါ်လာတဲ့ နှုက်ခမ်းပါးတစ်စုံကိုထိကပ်မိတဲ့ ပုံရိပ်ကြောင့် မျက်နှာတစ်ပြင်လုံး ပူထူလာသည်...။
အောက်နှုက်ခမ်းကို သွားနဲ့ကိုက်ပြီး လက်တစ်ဖက်နဲ့ခေါင်းကို နှစ်ချက်သုံးချက်ဆင့်ထုလိုက်ရင်း
အရင်တစ်ခါကလို အိမ်မက်မဟုက်ပဲ တကယ်ထိကပ်မိခဲ့တဲ့ နှုက်ခမ်းသားနုနုရဲ့ နွေးထွေးတဲ့အထိတွေ့က ရင်တစ်ခုလုံးကိုဗြောင်းဆန်အောင်လှုပ်ခက်စေသည်....။"ရှက်လိုက်တာ..."
နှုက်မှခပ်တိုးတိုးရေရွက်လိုက်သည်...။
"ဟဲ့ ဟဲ့ ဘာလို့ခေါင်းကို အဲ့လောက်ထုနေရတာလဲ ခေါင်းကိုက်ရင် ပြန်လှဲအိပ်နေလိုက်လေ ommaအပြင်မှာ
ဟင်းချက်လိုက်ဦးမယ်..ဒီနေ့ရုံးပိတ်တယ်မလား...အေးအေးဆေးဆေးထမင်းစားပြီးမှ ပြန်ရမယ်နော်"
YOU ARE READING
I Want You
言情အသက်တစ်ခါရှူတိုင်း၊နှလုံသားကတစ်ချက်ခုန်တိုင်း ခဗျားမှမဟုတ်ရင် မဖြစ်တော့ဘူးဆိုတဲ့အထိ ရူးသွပ်အောင် ပြုစားခံလိုက်ရပြီ...။ ခဗျားကြီးက ရင်ခုန်သံတွေကို..ဖန်ဆင်းပေးတဲ့ ကျွန်တော့်နှလုံးသားရဲ့ တန်ခိုးရှင်ပဲ park chanyeol....။ . . . မြင်မြင်ချင်း မင်းကိုချစ်မိ...