Unicode
"အောင်ပင့်"
"ပြောလေ နီကျား"
"ပင်လယ်ထဲ မပြန်တော့လို့ရမလား"
"မရဘူးလေ ပင်လယ်က ငါ့အိမ်လေ"
"မပြန်နဲ့ကွာ ငါနဲ့ အတူကစား ငါ့အိမ်မှာနေ ငါ့အိမ်ကြီးက အကျယ်ကြီး"
"ငါလည်း အမြဲအတူကစားေပးချင်ပေမယ့် ငါ့အဖေက ခွင့်မပြု.....
အောင်ပင့်ခမျာ စကားဆုံးအောင်မပြောရသေးခင် နီကျားဆွဲခေါ်ရာသို့
ပင်လယ်ကြမ်းပြင်ရှိ နဂါးနန်းတော်တွင်
"နီကျား မင်းငါ့အိမ်ကိုဘာလို့အတင်းပြန်ပို့တာလဲ"
"နောက်ကလိုက်ခဲ့ ဘာမပြောနဲ့"
နီကျားဆွဲခေါ်ရာနောက်သာ အသာလိုက်ရင်း အောင်ပင့်တွေးနေမိတာက ဒါကငါ့အိမ်မဟုတ်ဘူးလားဟူ၍
နဂါးမင်းကြီး ရှေ့သို့အရောက်
"ကြီးမြတ်လှပါသောနဂါး အရှင်"
နဂါးမင်းကြိးစိတ်ထဲ၌
နီကျားက ယဉ်ကျေးလို့ပါ့လား ကြားရတဲ့သတင်းများမှားနေလား
"ကျွန်တော် အောင်ပင့်ကို ခေါ်ထားလို့ရမလား အရှင်"
ဟင် ငါ့သားကိုလား
"အကြောင်းအရင်းက" ခပ်တည်တည်ပဲ မေးလိုက်တော့
အတူကစားဖို့ ပါ ဆိုပြီးမမေးပဲ ပြန်ဖြေတဲ့ သူ့သားစကားကြောင့်
"မဖြစ်နိုင်ဘူး နဂါးဆိုတာ ပင်လယ်မှာပဲပျော်မွေ့ရမယ်"
ငါ့သားကိုများ ကစားဖို့အတွက်လေးနဲ့ပေးလိုက်စရာလား
"ကျွန်တော် ခေါ်သွားလို့မရဘူးပေါ့"
"မင်းလို ကလေးတစ်ယောက်နဲ့ ကစားပေးနေဖို့ ငါ့သားက အာ့လောက်မအားလပ်ဘူး"
ငါ့သားက တကယ်ကြီး မအားလပ်လို့ပဲ အချိန်ပြည့် ကုန်းပေါ်တက်ဆော့နေတာများလား ထားပါလေ
"ကျွန်တော်ကလေး မဟုတ်ဘူး"
ခတ်ပြတ်ပြတ် စကားသံတစ်ခုနှင့်အတူပြောင်းလဲသွားသော နီကျားဟာ ကလေးအသွင်မဟုတ်တော့

ANDA SEDANG MEMBACA
What did I do?(Unicode+Zawgyi)
Fiksyen PeminatThe beginning of the problems was me😆