19-နဂါးနန်းတော် အထူးတိုက်ရိုက် Live show

2.2K 242 14
                                        

Unicode

နန်းတော်စောင့် ၁။ "ကုန်းမြေပေါ်က သခင်လေးအလည်လာတာ ဘာတွေလုပ်လည်း ကြည့်ရအောင်"

နန်းတော်စောင့် ၂။ "ငါလည်း သိချင်တယ်"

နန်းတော်စောင့် ၃။ "ဘာတွေထူးခြားလာမှာမို့လို့လဲ"

"ကဲ ဒါဆို အရှင့် ဆီ မှော်ကြေးမုံသုံးဖို့ ခွင့်ပြုချက်တောင်းကြစို့"

၁။ "အရှင် ကျွန်တော်မျိုးတို့ နန်းတော်လုံခြုံရေးအတွက် မှော်ကြေးမုံ သုံးပါရစေ"

"အလုပ်မှာ ဇွဲရှိတာကောင်းတယ် ကိုယ်တော်ရော အတူ ကြည့်ရှုပေးမယ်"

၁ -၂- ၃။  "....…...."

ဒီလိုနဲ့ နဂါးမင်းအပါအ၀င် ပရိတ်သတ်လေးယောက်ဟာ မှော်ကြေးမုံရှေ့မှာ နေရာယူလိုက်ကြပါတယ်

"ကိုယ်တော် အနောက်ဆောင်ကို ကြည့်ချင်တယ် ပြစမ်း"

နဂါးမင်းရေရွတ်သံအဆုံးမှာ ကြေးမုံပြင်ထက်အနောက်ဆောင်က နဂါးပျိုမလေးတွေရဲ့ပုံရိပ်ထင်ဟပ်လာပါတယ်

အကအလှကျင့်နေတဲ့ အနောက်ဆောင်အပြီး

တာ၀န်အသီးသီး ထမ်းဆောင်နေတဲ့  ပုဇွန်လုံးတွေရှိရာ အထွေထွေဆောင်

မှော်ဆေးရည်ဖော်စပ်နေတဲ့ ရေဘဝဲတွေရှိရာ ဆေးကုသဆောင်

အဆောင်အသီးသီးကို ကြည့်ရှုပြီးခါနီးလေးမှာပဲ

"နေဦး"

နဂါးမင်းရဲ့ စကားသံဟာ ထွက်လို့လာပါတယ်  မင်းတို့ရဲ့ နဂါးသခင်လေး အဆောင်ကိုကြည့်ကြည့်စမ်း

ကြေးမုံပြင်ထက်မှာတော့ ဗလာကျင်းနေသော အခန်းတစ်ခု

"ဟူး.."

နဂါးမင်း သက်ပြင်းမချမပြီးခင်မှာပဲ ဉာဏ် အလင်းပွင့်သွားပြီး

"ခုချက်ခြင်း ဧည့်ဆောင်ကို ပြစမ်း"

ထို့နောက်တွင်တော့ လေထုသည် ရေခဲတော့မတတ်

ချာကနဲ ဧည့်ဆောင်ဘက် လှည့်ထွက်သွားသော နဂါးမင်းနှင့်

ကြေးမုံရှေ့တွင် မေးတို့ပြုတ်ကျနေသော နန်းတော်စောင့်များ

What did I do?(Unicode+Zawgyi)Tempat di mana cerita hidup. Terokai sekarang