11-နှုတ်ဆက်ချိန်

2.4K 270 0
                                        

Unicode

"မပြန်ရဘူး"

"......"

"မင်းတကယ် မပြန်ရဘူးဆို"

စူပုတ်ကာ ခြေဆောင့်လျက် ဆိုလာသူကြောင့် အောင်ပင့်အသာပြုံးမိသည်

ကောင်းကင်ဘုံကနေ ပြန်လာပြီး နဂါးနန်းတော်တန်းမပြန်ပဲ ကမ်းစပ်တွင် နီကျားနဲ့ ကစားပေးနေမိသည်

အခု အိမ်ပြန်ဖို့ နှုတ်ဆက်ချိန်ရောက်တော့ နီကျား ဂျီကျနေသည်

"အဖေဆူလိမ့်မယ် ငါ့အဖေဒေါသကြီးတာ မင်းအသိပဲလေ"

"မရဘူး မပြန်ရဘူးဆို"

ကမ်းခြေတွင် ဖင်ချထိုင်ကာ သူ့၀တ်ရုံ စကိုဆွဲထားသည့် နီကျားက တကယ့်ကလေးဆိုးလေး

"ငါ မနက်ဖြန် မရ ရအောင်ခိုးထွက်ခဲ့မယ် ခုတော့ပြန်မယ်နော်"

"ဟင့်အင်း မပြန်ရဘူး"

"ငါ့ကို အဖေကစိတ်ဆိုးပြီး မင်းနဲ့ မတွေ့ခိုင်းတော့ရင်...."

"ပြန်တော့ သွား မနက်ဖြန်စောင့်နေမယ်"

စကားကိုဖြတ်ပြောကာ ခေါင်းငုံ့ထားသည့် နီကျားက စောဏမပြန်နဲ့တားနေသည်မှာ သူမဟုတ်သည့်အတိုင်း အတင်း ရေထဲတွန်းပို့နေသည်

"ငါသွားပြီနော်"

နှုတ်ဆက်သံ နှင့်အတူ ရေထဲသို့ ပျောက်ကွယ်သွားသည့် နဂါးဖြူလေးကိုကြည့်ရင်း ကမ်းခြေက သခင်အဆိုးလေးကတော့ တစ်ယောက်ထဲရေရွတ်နေသည်မှာ

"ငါ အမြဲစောင့်နေတယ် ငါ့ဆီပဲလာပါ အောင်ပင့်"

Zawgyi

"မျပန္ရဘူး"

"......"

"မင္းတကယ္ မျပန္ရဘူးဆို"

စူပုတ္ကာ ေျခေဆာင့္လ်က္ ဆိုလာသူေၾကာင့္ ေအာင္ပင့္အသာျပဳံးမိသည္

ေကာင္းကင္ဘုံကေန ျပန္လာၿပီး နဂါးနန္းေတာ္တန္းမျပန္ပဲ ကမ္းစပ္တြင္ နီက်ားနဲ႔ ကစားေပးေနမိသည္

အခု အိမ္ျပန္ဖို႔ ႏႈတ္ဆက္ခ်ိန္ေရာက္ေတာ့ နီက်ား ဂ်ီက်ေနသည္

"အေဖဆူလိမ့္မယ္ ငါ့အေဖေဒါသႀကီးတာ မင္းအသိပဲေလ"

"မရဘူး မျပန္ရဘူးဆို"

ကမ္းေျခတြင္ ဖင္ခ်ထိုင္ကာ သူ႕၀တ္႐ုံ စကိုဆြဲထားသည့္ နီက်ားက တကယ့္ကေလးဆိုးေလး

"ငါ မနက္ျဖန္ မရ ရေအာင္ခိုးထြက္ခဲ့မယ္ ခုေတာ့ျပန္မယ္ေနာ္"

"ဟင့္အင္း မျပန္ရဘူး"

"ငါ့ကို အေဖကစိတ္ဆိုးၿပီး မင္းနဲ႔ မေတြ႕ခိုင္းေတာ့ရင္...."

"ျပန္ေတာ့ သြား မနက္ျဖန္ေစာင့္ေနမယ္"

စကားကိုျဖတ္ေျပာကာ ေခါင္းငုံ႔ထားသည့္ နီက်ားက ေစာဏမျပန္နဲ႔တားေနသည္မွာ သူမဟုတ္သည့္အတိုင္း အတင္း ေရထဲတြန္းပို႔ေနသည္

"ငါသြားၿပီေနာ္"

ႏႈတ္ဆက္သံ ႏွင့္အတူ ေရထဲသို႔ ေပ်ာက္ကြယ္သြားသည့္ နဂါးျဖဴေလးကိုၾကည့္ရင္း ကမ္းေျခက သခင္အဆိုးေလးကေတာ့ တစ္ေယာက္ထဲေရ႐ြတ္ေနသည္မွာ

"ငါ အၿမဲေစာင့္ေနတယ္ ငါ့ဆီပဲလာပါ ေအာင္ပင့္"

What did I do?(Unicode+Zawgyi)Tempat di mana cerita hidup. Terokai sekarang