Unicode
ပင်လယ်ကမ်းစပ်တစ်နေရာသည် မနက်ခင်း အလင်းရောင်အောက်တွင် ပတ္တမြားသွေး နီရဲလျက်
ဆူညံနေသော လူအုပ်ကြီးသည် ဟိုပြေးသည်လွှားပြာယာခတ်ကာ အလုပ်ရှုပ်နေကြသလို
အိမ်တော်သခင်မ၏ အမိန့်ပေးသံ စီစဉ်ညွှန်ကြားနေသံကလည်း တစ်ချက်တစ်ချက်ပေါ်လာသည်
နဂါးဘုရင်ကြီးနှင့် သခင်ကြီးတို့ကလည်း ခပ်လှမ်းလှမ်းမှ ရပ်ကာ လိုအပ်သည်များ မကျန်ရှိလေအောင် စစ်ဆေးလျက်ရှိေနကြသည်
ဒီနေ့က အိမ်တော်ရှိ တစ်ဦးတည်းသော သခင်လေးနဲ့ နဂါးနန်းတော်ရှိ တစ်ဦးတည်းသော နဂါးမင်းသားလေးတို့၏ လက်ဆက်ပွဲ
မဂ်လာပွဲ ပြုလုပ်ရန် မိဘချင်းတိုင်ပင်စဉ် က အိမ်တော်တွင်ကျင်းပချင်သော သခင်မကြီးနှင့် ရေေအာက်နဂါးနန်းတော်တွင်ကျင်းပချင်သော နဂါးဘုရင်ကြီးတို့ အငြင်းအခုန်ဖြစ်သောကြောင့် အခုလိုပင်လယ်ကမ်းစပ်တွင်ပြုလုပ်ရသည် ဟုလည်းသတင်းကြားရသေးသည်
လက်ဆက်မည့် သခင်လေးနှစ်ဦးကလည်း ပထမဆုံးတွေ့ဆုံခဲ့ကြသည့်နေရာမှာ ပင်လယ်ကမ်းစပ်တွင် ဖြစ်သောကြောင့် သည်နေရာမှာပဲ မဂ်လာပွဲလုပ်မည်ဟုဆိုကြခြင်းကြောင့်လည်းဖြစ်သည်ဟု ကြားရပြန်သည်
တကယ်ကို ဒီအစေခံနားမလည်သည်က ကောင်လေးနှစ်ယောက်က ဘယ်လိုကြောင့်များ ထိမ်းမြားကြတာလဲ
ဘာပဲဖြစ်ဖြစ် မိဘများကပင်ခွင့်ပြုထားသည်ကို ဒီအစေခံလေးက စွက်ဖက်ခွင့်မရှိပါလေ
..........................
သခင်မကြီးတစ်ယောက်ပြာယာခတ်နေလေပြီ ပွဲစမည့်အချိန်ရောက်နေသော်လည်း သားတော်မောင်အားရှာမတွေ့သေး
ရိုးရာအရ သတို့သမီးအား အဲ အခုအခြေအနေအရသတို့သားဟုပင်ဆိုရမည့် နဂါးမင်းသားအား သွားတွေ့ခွင့်မရှိ
သေချာပေါက် ကျားလေးရောက်နေမည့်နေရာမှာ ရေအောက်နန်းတော်မှ တစ်ပါးမဖြစ်နိုင်
မိမိသည် ရေနက်ထဲက နန်းတော်အထိ နဂါးမင်းအကူအညီမပါပဲလည်းမသွားနိုင်

ANDA SEDANG MEMBACA
What did I do?(Unicode+Zawgyi)
Fiksyen PeminatThe beginning of the problems was me😆