Unicode
ပင်လယ်ကမ်းစပ်တစ်နေရာ
"မင်းနဲ့အတူကစားရတာ ပျော်ဖို့ကောင်းတယ်"
"အင်း ငါရော"
နီကျားစကား ကို အောင်ပင့်ပြန်ဖြေရင်း ပြုံးနေမိသည်
"ဘာတွေ သေဘာကျစရာရှိလို့လဲ"
"အခုလို အမြဲ အတူကစားနိုင်ရင်ကောင်းမယ်"
"ငါက မင်းနဲ့ပဲ အတူကစားမှာပါ ငါ့ကိုယှဉ်နိုင်တာ မင်းတစ်ယောက်ပဲရှိတာလေ"
"ဒါ ဒါပေမယ့်"
သူတွေးမိနေတာကို နီကျားကသိနေသည့်အလား
"မင်းအဖေ နဂါးမင်းကြီးကို သိပ်လည်း ဂရုစိုက်မနေပါနဲ့"
"လာပါ ဆက် ကစားမယ်"
သူ့ရဲ့ အပြုအမှုအတိုင်းဂရုမစိုက်ဟန် ဘောင်းဘီထဲ လက်ထည့်ကာ ရှေ့မှ ထွက်ခွာသွားသူကြောင့်..…..
"ငါ မောလာပြီ နီကျား"
"မရဘူး"
"တော်ရတော့အောင်လေ"
"လုံး၀ပဲ"
"ဒီတစ်ခါထပ်ဖြစ်ရင် ငါ့ခါးကျိုးတော့မယ်😟"
အပေါ်က နီကျားကို့မော့ကြည့်ရင်း သနားစဖွယ်ပြောလိုက်မှ အပေါ်က လူကပြန်ဖြေသည်
"ဟုတ်ပြီ🙄"
နောက်ဆုံး နီကျားလက်လျော့လိုက်မှ အောင်ပင့်သက်ပြင်းချနိုင်တော့သည်
သူကပင်လယ်ထဲတွင်နေလာသူဖြစ်ရာ ကုန်းပေါ်က သစ်ပင်ပေါ်ကို ဒီအတိုင်းလက်ဗလာဖြင့်တက်ရန်မှာ မလွယ်ကူ
ဒိီကြားထဲ လက်ချော်ကာ ပြုတ်ပြုတ်ကျလို့ ခါးကနာလှပြီ သစ်ပင်ပေါ်ကနီကျားကတော့ ရအောင်တက်လာဖို့သာ ပြောနေသည်
သစ်ပင်အောက်တွင် ခဏ ထိုင်နားနေစဉ်
🌊🌊🌊
ပင်လယ်ဘက်က လှိုင်းလုံးသံတွေကြောင့်
"အဖေ ရှာနေပြီထင်တယ် ငါပြန်တော့မယ်"
"မပြန်ရဘူး"
"နီကျား မဆိုးနဲ့"
"ငါ မင်းနဲ့ ထပ်ကစားချင်သေးတယ်"

ANDA SEDANG MEMBACA
What did I do?(Unicode+Zawgyi)
Fiksyen PeminatThe beginning of the problems was me😆